ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် ဝါရင့် သုံးသပ်သူ ပေါမာဆန်ရဲ့ ပွဲကြို ရလဒ်ခန့်မှန်းတွေကို ဖော်ပြလိုက်ပါတယ်။

West Ham vs Chelsea

ချယ်ဆီးအတွက် ခက်ခဲတဲ့ပွဲဖြစ်လာမယ်လို့ ကျနော် ခံစားမိနေတယ်။ ရာသီကုန်ရင် ချယ်ဆီးက ပိုထိပ်ရောက်မှာဖြစ်ပေမယ့် လက်တလောမှာ ဒီနှစ်သင်းကြား ခြားနားမှု သိပ်မရှိပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ West Ham 1-1 Chelsea

Liverpool vs Bournemouth

ဘုန်းမောက်ကို နိုင်မယ်ဆိုရင် ဒီနှစ်သင်းနဲ့ ရမှတ် ကွာဟမှုကို ကျဉ်းမြောင်းအောင် လုပ်နိုင်မှာပါ။ ဖောရက်စ်ကို ရှုံးခဲ့တာက လီဗာပူးအပေါ် ထင်သလောက် သက်ရောက်မှု မကြီးနိုင်ပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Liverpool 2-0 Bournemouth

Crystal Palace vs Man United

ဒီပွဲကို ယူနိုက်တက် အနိုင်ရရင် လမ်းကြောင်းမှန်ပေါ် ပြန်တက်လာနိုင်ပါလိမ့်မယ်။ ကျနော်ကတော့ ဂိုးများမယ် တွေးမိတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Crystal Palace 2-2 Man United

Man City vs Arsenal

ကျနော် ဦးနှောက်ကတော့ မန်စီးတီး နိုင်မယ် ပြောနေပေမယ့် နှလုံးသားက အာဆင်နယ် မရှုံးနိုင်ဘူးလို့ ပြောနေပါတယ်။ ဒီတော့ သရေကျမယ် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Man City 1-1 Arsenal

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်

Aston Villa 3-1 Wolves
Fulham 2-1 Newcastle
Southampton 1-2 Ipswich Town
Tottenham 2-1 Brentford
Leicester City 1-2 Everton
Brighton 1-1 Nottingham Forest