မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ဒီည အီတီဟက်မှာ စူပါဆန်းဒေး ပွဲကောင်း အဖြစ် ထိပ်တိုက်တွေ့နေပါတယ်။ ပွဲကတော့ ဒီတနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က စီးတီးနဲ့ အာဆင်နယ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” အရင်အပတ် စပါးနဲ့ပွဲမှာ ရမှတ် ထိခိုက်ခဲ့ရင် ဒီပွဲက အာဆင်နယ်အတွက် နိုင်မှရမယ့်ပွဲ ဖြစ်သွားမှာပါ။ အခုကတော့ မရှုံးရင်ကို ရပါပြီ။ ဒါက ခြားနားပါတယ်။
စပါးနဲ့ပွဲမှာ အာဆင်နယ်ခံစစ်က သိပ်ကောင်းပါတယ်။ ချန်ပီယံလိဂ်မှာ မန်စီးတီးကို ရင်ဆိုင်ခဲ့တဲ့ အင်တာမီလန်ခံစစ်လိုပါပဲ။ အင်တာတို့ ခံစစ်သိပ်ကောင်းပေမယ့် မန်စီးတီးက အခွင့်အရေးတွေ ရခဲ့ဆဲဖြစ်ပါတယ်။
ဘယ်လောက်ပဲ ပိတ်နေနေ စီးတီးက အခွင့်အရေး ဖန်တီးနိုင်ပါတယ်။ စပါးမှာ အဲ့လို လုပ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် အာဆင်နယ်က ပိုကြီးမားတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမှာပါ။ အာဆင်နယ်အနေနဲ့ မန်စီးတီးကို ကောင်တာကနေ ပြန်ဒုက္ခပေးနိုင်ဖို့ လိုပါတယ်။
ဒီဘရိုင် လွဲချော်မှာဖြစ်ပေမယ့် မန်စီးတီးလူစာရင်းက တောင့်တင်းဆဲပါ။ ဒါပေမယ့် အဲဗာရက်ဇ် မရှိတော့တာ သူတို့အတွက် နစ်နာပါတယ်။
ကျွန်တော့် ဦးနှောက်ကတော့ မန်စီးတီး နိုင်မယ် ပြောနေပေမယ့် နှလုံးသားက အာဆင်နယ် မရှုံးနိုင်ဘူးလို့ ပြောနေပါတယ်။ ဒီတော့ သရေကျမယ် ထင်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ မန်စီးတီး ၁-၁ အာဆင်နယ် ဖြစ်ပါတယ်။