မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အာဆင်နယ် ကစားသမား ထရော့ဆက် ထုတ်ပယ်ခံလိုက်ရပြီး ဒီဖြစ်ရပ်အပေါ် အာဆင်နယ်နည်းပြ အာတီတာရဲ့ တုံ့ပြန်မှု က သိပ် မဟုတ်ဘူးလို့ ရွိုင်ကိန်းက ဝေဖန်ပြောဆိုလို က်ပါတယ်။
အာဆင်နယ် တိုက်စစ်ကစားသမား ထရော့ဆက်ဟာ မန်စီးတီးနဲ့ အာဆင်နယ်တို့ပွဲရဲ့ ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ အဝါကတ် (၂)ကတ်ထိ ပြသခံလိုက်ရတာကြောင့် ထုတ်ပယ်ခံလိုက်ရတာဖြစ်ပြီး ဒါက ပွဲကို ဦးဆောင်ထားနေတဲ့ အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်သွားခဲ့ရပါတယ်။
ပွဲအပြီးှ အင်တာဗျူးမှာတော့ နည်းပြအာတီတာက ထရော့ဆာရဲ့ အနီကတ်နဲ့ ပတ်သက်ပြီး မန်စီးတီး တောင်ပံကစားသမား ဒိုကူကလည်း အလားတူ လုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့တာကိုတော့ ကွင်းလယ်ဒိုင်က လစ်လျူရှုခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီလို ပြောဆိုခဲ့မှုအပေါ် ရွိုင်ကိန်းက အာတီတာ အနေနဲ့ နည်းပြတစ်ယောက်လို အဆင့်အတန်းမျိုး ရှိဖို့ ပြောဆို ဆရာလုပ်လာတာပါ။
“နည်းပြတွေက အပတ်တိုင်းလိုလိုမှာ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တိုင်းနဲ့ ပတ်သက်ပြီး ဆန့်ကျင်နေကြတက်တယ်။ တကယ်ကတော့ ဒီလို ဆုံးဖြတ်ချက်တွေကို လက်ခံလိုက်ရင် ကိစ္စပြတ်ပါတယ်။ သူ အခု ရရှိလိုက်တဲ့ သရေတစ်မှတ်အပေါ်မှာ အတွင်းကျကျကို ကျေနပ်နေပါလိမ့်မယ်။”
“ဒါကြောင့် အာဆင်နယ်အသင်းရဲ့ နည်းပြတစ်ဦးအနေနဲ့ အဆင့်အတန်းလေး နည်းနည်းလောက်တော့ ပြသလိုက်ပါ။ ကစားသမားကလည်း အနီကတ် ပြခံရတာနဲ့ ပတ်သက်ပြီး ထိုက်တန်မှု ရှိကောင်းရှိနေလိမ့်မယ်။
ဒါကို အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်ပြီး ကျော်ဖြတ်သွားရမှာပါ။ အဲ့ဒါက အကောင်းဆုံး အဆုံးသတ်ပဲ။ ဒါကြောင့် စိတ်အေးအေးလေးထားပြီး ကိုယ်ရဲ့ class လေး နည်းနည်းပြလိုက်ပါ။” လို့ ပြန်လည် မှတ်ချက်ပေးလိုက်ပါတယ်။