ဘောလုံးသမားတွေရဲ့ ဈေးကွက်တန်ကြေးတွေကို ထုတ်ပြန်ပေးနေတဲ့ transfermarket ဝဘ်ဆိုဒ်ကနေပြီး ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားများစာရင်းကို ပြုလုပ်လာပေးခဲ့ပြီဖြစ်ပါတယ်။

အဆိုပါ စာရင်းမှာတော့ ချန်ပီယံလိဂ်အနိုင်ရ လီဗာပူးအသင်းသားတွေ အဓိက ပါဝင်နေပြီး ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ယူရိုပါလိဂ် ချန်ပီယံ ချယ်ဆီးအသင်းမှ အဓိက ကစားသမားတွေလည်း ပါဝင်လာခဲ့ပါတယ်။

ကျန်တစ်နေရာအတွက် စပါးအသင်းတိုက်စစ်မှူး ကိန်းပါဝင်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ထားတဲ့ အာဆင်နယ်နဲ့ မန်ယူအသင်းမှ အသင်းသားတွေ တစ်ဦးမှ ပါလာခဲ့ခြင်း မရှိပါဘူး။ တိုက်စစ်ပိုင်းမှာတော့ ဟယ်ရီကိန်း၊ ဆာလက်နဲ့ ဟာဇက် အပြင် မန်စီးတီးမှ စတာလင်လည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။

တစ်ဦးချင်းအလိုက် တန်ကြေးအမြင့်ဆုံးတွေအဖြစ်တော့ ဟယ်ရီကိန်း၊ ဆာလက်နဲ့ ဟာဇက်တို့ ပါဝင်ထားခဲ့ပြီး ချယ်ဆီး တိုက်စစ်သမား ဟာဇက်ဟာ လက်ရှိမှာတော့ လာလီဂါကလပ်ကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။

ဂိုးသမားနဲ့ ခံစစ်နေရာမှာတော့ လီဗာပူးအသင်းသား သုံးဦးနဲ့ ဂိုးသမား အယ်လီဆန်တို့ ပါလာခဲ့ပြီး ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်လူတွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ ကန်တေတို့ကလည်း ကွင်းလယ်စာရင်းကနေ ပါဝင်လာခဲ့ပါတယ်။