၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ ရဲ့ ဆေးခြောက်ရောင်းရငွေဟာ ဒေါ်လာ ၁၀ ဘီလျံကျော် ရရှိခဲ့သည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ တစ်နှစ်တာ ဆန်ရောင်းရငွေကို ကြည့်ပါက ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလျံကျော်သာ ရရှိခဲ့သည်။

ထိုင်းနိုင်ငံ၏ ဆေးခြောက်ရောင်းရငွေသည် မြန်မာနိုင်ငံ၏ ဆန်ရောင်းရငွေထက် ၁၀ ဆလောက် ပိုများသည်ဟု ဆိုနိုင်ပါသည်။

ဆေးခြောက်ဟာ ဘေးထွက်ဆိုးကျိုးနည်းပြီးဆေးဖက်၀င်​အပင်ဖြစ်တယ်လို့ တချို့က သတ်မှတ်ကြပြီး တချို့ကတော့ မူးယစ်ဆေးအနွယ်၀င်ဖြစ်​တယ်လို့ သတ်မှတ်ကြတာဖြစ်ပါတယ်။

ထိုင်းအပါအဝင် တစ်ချို့နိုင်ငံတွေမှာ ဆေးခြောက် တရားဝင်အသုံးပြုခွင့်ရပေမယ့် မြန်မာနိုင်ငံမှာတော့ တရားဝင်အသုံးပြုခွင့်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။