အာဆင်နယ် နည်းပြ အာတီတာက ဒီအပတ် လက်စတာစီးတီးနဲ့ ကစားရမယ့်ပွဲမှာ ဒေးဗစ် ရာယာ၊ ဘန်ဝှိုက်နဲ့ တင်းဘားတို့ ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှု ပြည့်ဝနေပါ့မလားဆိုတာ မသေချာဘူးလို့ သိရပါတယ်။

အာတီတာက ဗုဒ္ဓဟုးနေ့ညက ဘော်လ်တန်ကို ၅-၁ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲအပြီးမှာ ရာယာရဲ့ အခြေအနေကို ပြောဆိုခဲ့တာဖြစ်ပြီး ဝှိုက်နဲ့ တင်းဘားတို့ရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးလည်း မရေမရာမှုတွေကို မြင့်တက်စေခဲ့တာဖြစ်ပါတယ်။

ရာယာဟာ ကြွက်သားဒဏ်ရာကြောင့် ဘော်လ်တန်နဲ့ ပွဲကို လွဲချော်ခဲ့တာဖြစ်ပြီး စနေနေ့ လက်စတာ စီးတီးနဲ့ကစားရမယ့်ပွဲ ကိုလည်း ဆက်လက် လွဲချော်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

“ရာယာ စနေနေ့ ပါနိုင်မလားဆိုတာ ကျွန်တော်တို့ မသိသေးဘူး။ သူက ကြွက်သား ဒဏ်ရာ ရခဲ့ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ဂိုးသမား ရာယာသာ ပွဲထွက်ပါဝင်နိုင်ခြင်း မရှိဘူးဆိုရင် ဒုတိယပွဲထွက် ဂိုးသမား နီတိုကို ပွဲထွက်ခွင့်ပေးသွားရတော့မှာ ဖြစ်ပါတယ်။