ပြင်သစ်သတင်းဌာန L’Equipe ကို ကိုးပြီး အာဆင်နယ်ဖန်းဆိုဒ်ဖြစ်တဲ့ arseblog ကနေ ဖော်ပြလာရာမှာတော့ အသင်းဟာ ပြင်သစ်လူငယ်လေး ဝီလီယံ ဆာလီဘာကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ်ကလပ် Saint-Etienne အသင်းမှ ကစားသမားအတွက် နှစ်သင်းက သဘောတူညီမှုရခဲ့တာဖြစ်ပြီး သဘောတူညီမှုမှာ ပြင်သစ်ကလပ်ဘက်က ကစားသမားလေးကို တစ်ရာသီ ပြန်လည်ခေါ်ခွင့်ပေးထားဖို့ တောင်းဆိုမှုလည်း ပြုလ်ုပထားပါတယ်။

အာဆင်နယ်ဘက်က ဒီနွေမှာပဲ တစ်ပါးတည်း ခေါ်ဆောင်မလား၊ အငှားချပေးမလား မသိရသေးပေမယ့် အာဆင်နယ်ဟာ ခံစစ်ပိုင်းမှာ ပြသနာကြီးတွေ ရှိနေပြီး အရံသင့်ကစားပေးနိုင်မယ့် သူမျိုးကို လိုအပ်နေတာ ဖြစ်ပါတယ်။

မနှစ်ကရာသီ Saint-Etienne အသင်းနဲ့အတူ တောက်ပလာတဲ့ အသက် ၁၉ နှစ်အရွယ် ကြယ်ပွင့်ကစားသမားလေးကို စီးရီးအေကလပ်တွေကလည်း အလိုရှိနေပေမယ့် အာဆင်နယ်က ကလပ်အသင်းတွေကြား သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်တယ်။

ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို နားထောင်ရဖို့ ရှိနေသေးပေမယ့် ကစားသမားဘက်က သဘောတူညီခဲ့မယ်ဆိုရင် ကလပ်နှစ်သင်းကြား အပြီးသတ်ခေါ်ယူမှုနဲ့ အငှားပြန်လွှတ်မှုကို သဘောတူပေးမလားဆိုတဲ့ အဆုံးအဖြတ်ဆိုင်ရာ ကိစ္စတွေကို ငြိနှိုင်းရမှာ ဖြစ်ပါတယ်။