ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းတွေကို ဖော်ပြလိုက်ပါတယ်။

Crystal Palace vs Liverpool

အရင်အပတ်က ဝုဗ်ကို နိုင်တဲ့ပွဲမှာ လီဗာပူးတို့ သိပ်မကောင်းပါဘူး။ ခြုံငုံသုံးသပ်ရမယ်ဆိုရင် လီဗာပူး ဒီပွဲလည်း နိုင်ပါလိမ့်မယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Crystal Palace 0-2 Liverpool

Arsenal vs Southampton

ဒီပွဲမှာ အာဆင်နယ် အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ ဒီအပတ်ပွဲမှာ ၄ ဂိုးပြတ်လောက်နဲ့ အာဆင်နယ်တို့ သက်သောင့်သက်သာ အနိုင်ရမယ်လို့ ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Arsenal 4-0 Southampton

Manchester City vs Fulham

စီးတီးအတွက် ခက်ခဲနိုင်ပါတယ်။ ဖူလ်ဟမ်က တိုက်စစ် ခံစစ် အကူးအပြောင်းမှာ ပြဿနာတွေ ပေးနိုင်မယ့် အသင်းပါ။ ဒါပေမယ့် မန်စီးတီးပဲ နိုင်သွားမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester City 2-0 Fulham

Aston Villa vs Manchester United

ဒီအပတ်ရဲ့ ကြည့်ရမယ့်ပွဲပဲ။ အက်စတွန်ဗီလာက နှစ်ပေါင်း ၃၀ အတွင်း အကောင်းဆုံး ရလဒ်နဲ့ ပြန်လာနေတယ်။ ယူနိုက်တက်ကတော့ အရမ်း ဆိုးရွားတဲ့ ကစားပွဲတွေကို ကစားနေပါတယ်။ ဒါကြောင့်ပဲ ဒီပွဲ ဗီလာနိုင်သွားမယ် ထင်မိပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Aston Villa 2-1 Man United

Chelsea vs Nottingham Forest

ချယ်ဆီးက ဂိုးတွေ သွင်းမှာပါ ဒါပေမယ့် ဖောရက်စ်လည်း ဂိုးတွေ သွင်းမှာပါပဲ။ ဒီပွဲမှာ သွင်းဂိုးတွေ အများကြီး မြင်ရမှာဖြစ်ပါတယ်။ ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းဖြစ်မှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Chelsea 4-2 Nottingham Forest

အခြားပွဲစဉ်တွေအတွက် ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်များ

Brentford 1-2 Wolves
West Ham 3-1 Ipswich Town
Leicester 1-1 Bournemouth
Everton 1-1 Newcastle United
Brighton 2-2 Tottenham