အာဆင်နယ် အသင်းဟာ ဒီညမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ဆောက်သမ်တန် အသင်းနဲ့ တွေ့ဆုံနေပါတယ်။
ပွဲကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန်၊ အမ်းမရိတ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဂန်းနားဟောင်းကြီး ပေါမာဆန်က အာဆင်နယ် နဲ့ ဆောက်သမ်တန် တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ပေါမာဆန် က ” ဒီပွဲမှာ အာဆင်နယ် အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ ပြီးခဲ့တဲ့ပွဲတုန်းက ဆောက်သမ်တန်က ဘုန်းမောက်ကို အရေးနိမ့်ခဲ့တယ်။
အဲ့ဒီပွဲကအတိုင်း အာဆင်နယ်ကို ရင်ဆိုင်ကစားမယ်ဆိုရင် မိနစ် ၉၀ အပြီးမှာ ဂိုးရလဒ် ဘယ်လောက်တောင် ဆိုးသွားမလဲ မှန်းကြည့်လို့တောင် မရဘူး။
အာဆင်နယ်က လက်စတာကို ရင်ဆိုင်တဲ့ပွဲမှာ နောက်ကျ အနိုင်ရလဒ် ယူနိုင်ခဲ့ပေမယ့် အဲ့မတိုင်ခင် ခြေပဂိုးတွေ ပေးခဲ့ရပါတယ်။ အဲ့ပွဲမှာ အနိုင် ၃ မှတ် အပြည့်ရအောင် အာဆင်နယ်တို့ ကိုင်တွယ်သွားပုံက ချီးကျူးစရာပါ။
ဒီအပတ်ပွဲမှာ ၄ ဂိုးပြတ်လောက်နဲ့ အာဆင်နယ်တို့ သက်တောင့်သက်သာ အနိုင်ရမယ်လို့ ထင်ပါတယ်။
ဆောက်သမ်တန်အတွက်တော့ စိတ်ပူပါတယ်။ ဘုန်းမောက်ပွဲမှာ သူတို့ ရလဒ်ယူနိုင်ဖို့ အားထုတ်နိုင်ခဲ့သင့်ပေမယ့် ခက်ခဲခဲ့တယ်။ အဲ့လို အနေအထားနဲ့ အာဆင်နယ်ကို သူတို့ ဘယ်လို ရင်ဆိုင်မလဲ မြင်ကြည့်ဖို့တောင် ခက်ခဲပါတယ်။
အာတီတာက ဒီပွဲအတွက် လူစာရင်း အပြည့် ထုတ်သုံးလာမှာပါ။ မန်စီးတီး၊ လီဗာပူးတို့နဲ့ ဖလားပြိုင်ဆိုင်လိုတယ်ဆိုရင် အကောင်းဆုံး လူစာရင်းကနေ ဘယ်သူ့ကို လျော့ပြီး ထုတ်လို့ မရပါဘူး။ ” လို့ သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၄-ဝ ဆောက်သမ်တန် ဖြစ်ပါတယ်။