မန်ယူ နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးကတော့ မန်စီးတီးကို ယှဉ်ပြိုင်ချင်တယ် ဆိုရင် ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် သူတို့ အနားမှာ ကပ်လိုက်နိုင်ရမယ် လို့ အာဆင်နယ် အသင်းအား သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ် ပရီးမီးယားလိဂ် ပွဲတွေအပြီးမှာ ဂယ်ရီနဗီးကတော့ ‘ ပွဲမ တိုင်ခင်တည်းက အာဆင်နယ်နဲ့ မန်စီးတီးတို့ သူတို့ ပွဲတွေကို အနိုင် ကစားရမယ်လို့ ကျနော် ပြောခဲ့ပါတယ်။ သူတို့ နိုင်ပွဲကိုယ်စီ ရခဲ့ပါတယ်။
မန်စီးတီးကို ဖူလ်ဟမ်ကတော့ နှစ်ဂိုး ပြန်သွင်းနိုင်ခဲ့တာပေါ့။ ပွဲ မစခင်ကလည်း ပြောပါတယ်။ ကိုဗာဆစ်နဲ့ ဆိုရင် မန်စီးတီး ဖလားရသွားမလား မသေချာပါဘူးလို့။ သူကတော့ ဒီပွဲမှာ ၂ ဂိုး သွင်းခဲ့တယ်။ မန်စီးတီး ရဲ့ ကွင်းလယ်က ပိုပြီး ပွင့်နေခဲ့ဟန် ရှိပါတယ်။
အာဆင်နယ်တို့ ဒီပွဲကို နိုင်လိုက်တာကလည်း နိုင်ငံတကာသီတင်းပတ် မတိုင်ခင် သူ့အတွက် ကောင်းမွန်တဲ့ ရလဒ်ကောင်းပါပဲ။
ဂွာဒီယိုလာရဲ့ အသင်းတွေကို ယှဉ်ပြိုင်လိုရင် အရင်က ကလော့ပ်ရဲ့ လီဗာပူးပဲ ကြည့်ကြည့် အခု အာတီတာရဲ့ အာဆင်နယ်ပဲ ကြည့်ကြည့် တချိန်လုံး အနီးကပ်မှာ ရှိနေမှရတာပါ။
ပရီးမီးယားလိဂ်ဖလား ယှဉ်ပြိုင်ဖို့ရာ ရာသီစကတည်းက မန်စီးတီးကို အနီးကပ် ဖိအားပေးနိုင်ဖို့ အရေးကြီးပါတယ်။ ’ လို့ သုံးသပ် သတိပေးသွားတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၇ အပြီး ထိပ်ဆုံး ၃ သင်းကြား ၁ မှတ်ပဲ ကွာဟနေသေးကာ ဂယ်ရီနဗီးရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ကတော့ ထိပ်ဆုံးအသင်းနဲ့ ၁၀ မှတ်ထိ ပြတ်သွားခဲ့ပါပြီ။
လက်ရှိမှာ ယူနိုက်တက်ဟာ တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာ အဆင့် ၁၄ နေရာမှာ ရှိနေပါတယ်။