မြန်မာပြည်သူတွေရဲ့ရေဘေးအတွက် ပြန်လည်ထူထောင်မှုအတွက် ဂျပန်ဖိုက်တာ တာကေးရုမှ ဝိုင်းဝန်းထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း မြဝတီသား ကိုဖြိုးဝေက လူမှုကွန်ယက်ပေါ်ကနေခုလို ဝမ်းမြောက်ဖွယ် အသိပေးလာပါတယ်။
နှလုံးသားလှတဲ့ ဂျပန်ဖိုက်တာ တာကဲရု
သန့်ဇင်နှင့် မြန်မာလူမျိုးတွေအပေါ်ထားတဲ့ လူသားချင်းစာနာမှု့
မကြာသေးမီကမှ One Championshipတွင်ညီလေးသန့်ဇင်နှင့် ယှဉ်ပြိုင်ထို၊းသွားတဲ့ ကမ္ဘာ့အဆင့်ဝင် ဂျပန်ဖိုက်တာ တာကဲရု အနေဖြင့် ညီလေးသန့်ဇင်၏ အဖြစ်ချင်ဆုံးသောဆန္ဒဖြစ်သော မြန်မာနိုင်ငံ ကြုံတွေ့နေရသော ရေဘေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီထာက်ပံ့ပေးသွားမည်ဖြစ်သည့်အတွက် အလွန်ပင် ဝမ်းမြှောက်ဂုဏ်ယူလေးစားမိပါသည်။
တာကဲရုမှ လှူဒါန်းသော အလှူငွေများအား သက်ဆိုင်ရာ အဖွဲ့အစည်းကော်မတီများနှင့်လိုအပ်သလို ကျွန်တာ်မြဝတီသားလေး စောဖြိုးဝေမှ ဆက်လက်ချိတ်ဆက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ တာကဲရုကို မြန်မာပြည်သူလူထုတစ်ရပ်လုံး ကိုယ်စား အလွန်ပင်ကျးဇူးတင်ဝမ်းမြှောက်ဂုဏ်ယူလေးစားမိပါသည်။