အာဆင်နယ်အသင်းဟာ လက်ရှိ ဘောလုံး ရာသီသစ်ကို ရလဒ်ကောင်းတွေနဲ့ စတင်နေသည့်တိုင် အစောပိုင်းတည်းက ဒဏ်ရာ ပြသနာများ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။
အကြီးမားဆုံး ကိစ္စကတော့ အသင်းခေါင်းဆောင် မာတီ အိုဒီဂတ် မပါနိုင်တာ ဖြစ်ပြီး စက်တင်ဘာလတည်းက နော်ဝေ အသင်းနဲ့ အတူ ရှိစဉ် ဒဏ်ရာ ရသွားခဲ့တာပါ။ အာထားရတဲ့ တိုက်စစ်မှုး ဆာကာ ကလည်း ဒီတပတ်ထဲမှာ အင်္ဂလန်အသင်းနဲ့ အတူ ကစားရင်း ဒဏ်ရာ ရခဲ့ပြန်ပါတယ်။
လက်ရှိမှာ အာဆင်နယ် ဒဏ်ရာ ရ ကစားသမား ၆ ဦးထိ ရှိနေပြီး ၎င်းတို့ ပြန်လာနိုင်ဖွယ် ရှိတဲ့ ရက်တွေနဲ့ အခြေအနေတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁) မာတင် အိုဒီဂတ်
အာဆင်နယ် အသင်းခေါင်းဆောင်က ခြေကျင်းဝတ် ထိသွားခဲ့တာ ဖြစ်ပြီး ဒီတလော တင်ထားတဲ့ ဗီဒီယို အရတော့ ပြန်လည် သက်သာလာနေပြီ ယူဆရပါတယ်။ အိုဒီဂတ်ဟာ ကောလဟလတွေ ထွက်နေသလို နောက်ဆက်တွဲ ဒဏ်ရာ ထပ် မရှိဘဲ ပြန်ကစားနိုင်ဖို့ နီးစပ်နေပါပြီ။
ပြန်ကစားနိုင်ဖွယ် ရှိတဲ့ ရက်။ ။ အောက်တိုဘာ နှောင်းပိုင်း (သို့မဟုတ်) နိုဝင်ဘာ အစောပိုင်း
၂) ဇင်ချန်ကို
ဇင်ချန်ကို က ဆောက်သမ်တန်ကို နိုင်တဲ့ ပွဲမှာ ဒူးဒဏ်ရာ ကုသနေရတာကြောင့် မပါဝင်ခဲ့ပါဘူး။ နည်းပြ အာတီတာကတော့ ဒီ အောက်တိုဘာ နိုင်ငံတကာ သီတင်းပတ် ပြီးလောက်မှာ ယူကရိန်းသား ပြန်ပါလာနိုင်မယ် မျှော်လင့်ထားပါတယ်။
ပြန်ကစားနိုင်ဖွယ် ရှိတဲ့ ရက်။ ။ အောက်တိုဘာ နှောင်းပိုင်း
၃) တီယာနေး
တီယာနေးက ပေါင်ခြံဒဏ်ရာကြောင့် ဒီတလော သီတင်းပတ်တွေမှာ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် သူ ဘယ်တော သက်သာလာနိုင်တယ်၊ ပြန် ကစားလာနိုင်မယ် ဆိုတာ သတင်းထွက်လာခြင်း မရှိသေးပါဘူး။
ပြန်ကစားနိုင်ဖွယ် ရှိတဲ့ ရက်။ ။ မသိရ။
၄) ကိုင်ဟာဗက်ဇ်
ဟာဗက်ဇ် က ဆောက်သမ်တန်နဲ့ ပွဲက ဒဏ်ရာကြောင့် ဒီလထဲ နိုင်ငံတကာ သီတင်းပတ် ဂျာမနီ အသင်း လူစာရင်းကနေ ပြန် နှုတ်ထွက်လာခဲ့ရတာပါ။ ဒါပေမယ့် ပြင်းထန်ပုံ မရတာကြောင့် အာဆင်နယ်ပွဲတွေ လွဲချော်ဖွယ် မရှိပါဘူး။
ပြန်ကစားနိုင်ဖွယ် ရှိတဲ့ ရက်။ ။ အောက်တိုဘာ ၁၉၊ ဘုန်းမောက်နဲ့ပွဲ။
၅) ဘူကာယို ဆာကာ
ဆာကာ က အင်္ဂလန် အသင်းရဲ့ ဂရိနဲ့ ပွဲမှာ ထော့နင်း ထော့နင်းနဲ့ ကွင်းထဲက ထွက်ခဲ့ရပါတယ်။ အင်္ဂလန် နည်းပြ လီကာစလေကတော့ ဆာကာ အကြာကြီး မနားရပါဘူးလို့ ဆိုထားပါတယ်။
ပြန်ကစားနိုင်ဖွယ် ရှိတဲ့ ရက်။ ။ အောက်တိုဘာ ၁၉၊ ဘုန်းမောက်နဲ့ပွဲ။
၆) ဘန်ဝှိုက်
အင်္ဂလန်သား အစွန်ခံစစ်သမား ဘန်ဝှိုက် က စိန့်နဲ့ပွဲတုန်းက ဒူး ပြသနာ ရှိနေလို့ မပါနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူ မြန်မြန်ပဲ ပြန်ကစားနိုင်ဖွယ် ရှိပြီး ကြံ့ခိုင်မှု ပြည့်လာမှာပါ။
ပြန်ကစားနိုင်ဖွယ် ရှိတဲ့ ရက်။ ။ အောက်တိုဘာ ၁၉၊ ဘုန်းမောက်နဲ့ပွဲ။