သီတင်းကျွတ်လပြည့်နေ့မှာ ရွှေဆိုင်အားလုံးနီးပါး ပိတ်ထားပြီး ပြင်ပစျေးကွက်ဟာ မနေ့က ပြန်တက်လာတဲ့ စျေးတန်းမှာပဲ ဆက်ရှိနေပါတယ်။ ဒါပေမယ့် ကမ္ဘာ့ရွှေ အတက်ကြမ်းနေတာကြောင့် ပိတ်ရက်တွေအပြီးမှာ ပြည်တွင်းရွှေစျေး ပြန်တက်လာဖွယ် ရှိနေပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေးများ (အောက်တိုဘာ 17 ရက်)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၈၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၂၄၈၂၅ ကျပ်

ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၅၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၈၆၀၀၀၀ ကျပ်