လမ်းပတ်ကို ဆာရီနေရာ အစားထိုးဖို့ အဓိက စည်းရုံးနေတဲ့ ချယ်ဆီးအသင်းဟာ အသင်း နာမည်ကြီး ကစားသမားတွေကို စီမံခန့်ခွဲမှု အပါအ၀င် အ၀တ်လဲခန်းအတွင်းမှာ လွှမ်းမိုးစေဖို့ လုပ်ပိုင်ခွင့်တွေ အားလုံး လမ်းပတ်ကို ပေးအပ်သွားမှာ ဖြစ်ကြောင်း ဟယ်ရီရက်နက်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းမှာ ၁၁ လ ကြာ တာဝန်ယူသွားတဲ့ အီတလီသားနည်းပြကြီး ဆာရီက အသင်းကနေ တရားဝင် ထွက်ခွာပြီး ဂျူဗင်တပ်အသင်းကို နည်းပြ ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးနည်းပြဟောင်း ဆာရီက ဂျူဗင်တပ်အသင်းကို စတင် ကိုင်တွယ်တာနဲ့ အသင်းဟောင်းထံမှာ ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင် လာပါတယ်။ ထို ကစားသမားတွေကတော့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုနဲ့ ခံစစ်မှူး အီမာဆင်တို့ဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ဟာ ချယ်ဆီးမန်နေဂျာ အသစ် ဖြစ်လာတော့မှာ ဖြစ်ပြီး ၄င်းက အသင်းကို တာဝန်မယူခင် ပိုင်ရှင် အေဗရာမိုဗစ်ထံမှာ ၄င်းကို အနည်းဆုံး ၂နှစ် အချိန်ပေးမရန် အာမခံချက် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ချယ်ဆီးနည်းပြသစ် နေရာအတွက် တရားဝင် ကြေငြာမှုတွေ ထွက်ပေါ်မလာသေးပေမယ့် ဒီနွေမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လက်ထောက် နည်းပြ ဇိုလာကတော့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်း နဲ့ လမ်းခွဲပြီး နောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့်ခံစစ်မှူး ဂယ်ရီကာဟေးလ်ကို အင်တာမီလန် အသင်း နည်းပြ ကွန်တီက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဆာရီက ဂျူဗင်တပ် နည်းပြသစ် ဖြစ်လာခဲ့လို့ သူ့နေရာကို လက်ရှိ ဒါဘီနည်းပြ ဖရန့်လမ်းပတ်က တာဝန်ယူရဖို့ ရေပန်းစားနေတာပါ။ ချယ်ဆီးမှာ ရင်းနှီးတဲ့ လူတွေ ရှိနေခြင်းက ဖရန့်လမ်းပတ်ကို အောင်မြင်မှုတွေရဖို့အတွက် အကူအညီ ဖြစ်စေမယ်လို့ ဂန္တဝင်ကြီး ရုဒ်ဂါးလစ်က ယုံကြည် နေပါတယ်။