အာဆင်နယ် အသင်းက ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန်စချိန်မှာ ဘုန်းမောက်နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ ဒီ စနေနေ့ ည ၁၁ နာရီမှာ ကန်ကြမှာ ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်က ဘုန်းမောက်နဲ့ အာဆင်နယ်တို့ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန် က ” ဒီပွဲက အာဆင်နယ် အတွက် လွယ်ကူမယ့်ပွဲပါ။ နိုင်ငံတကာသီတင်းပတ်အပြီး ဒီလိုပွဲတွေ ကစားရတတ်ပါတယ်။ အဲ့လိုကာလမှာ ဖောရက်စ်ကို ရင်ဆိုင်ပြီး လီဗာပူးအသင်း ခြေချော်ခဲ့တာ မှတ်မိကြလား?

ဘုန်းမောက်က စိတ်ဝင်စားဖို့ ကောင်းတဲ့ အသင်းပါ။ သူတို့ ချယ်ဆီးကို အနိုင်ယူဖို့ နီးစပ်ခဲ့သလို လက်စတာကိုကောပါပဲ။ သူတို့လို အသင်းတွေကို အထင် မသေးသင့်ပါဘူး။

ဒီလိုပွဲမှာ အာဆင်နယ်တို့ ရမှတ်တွေ ဆုံးရှုံးမယ် ဆိုရင် မနှစ်ကရာသီတုန်းကလို သူတို့အတွက် ထိခိုက်မှု ကြီးပါလိမ့်မယ်။ အာဆင်နယ်ရဲ့ အရည်အချင်းတွေအရ အနိုင်ရလဒ်နဲ့ ကျော်ဖြတ်နိုင်မယ် ထင်ပါတယ်။ သူတို့ နိုင်မှာပါ။ ” လို့ သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်ကတော့ ဘုန်းမောက် ၁-၃ အာဆင်နယ် ဖြစ်ပါတယ်။