ဒီအပတ် ပရီးမီယားလိဂ် ပွဲစဉ်တွေအတွက် နာမည်ကြီး ဘောလုံးပွဲ ခန့်မှန်းသူ ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
Manchester United vs Brentford
ဘရန့်ဖိုဒ့်က ဒီပွဲမှာ ယူနိုက်တက်ကို ပြဿနာတွေပေးမှာပါ။ ဒီပွဲကို အနိုင်ရဖို့ ယူနိုက်တက်က သွင်းဂိုးတွေ လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဘရန့်ဖိုဒ့်က သေချာပေါက် ဂိုးတွေ သွင်းမှာမို့ပါပဲ။
ပေါလ်မာဆန် ခန့်မှန်းရလဒ်များ။ ။ Man United 2-2 Brentford
Bournemouth vs Arsenal
ဒီပွဲက အာဆင်နယ်အတွက် ဌက်ပျောသီး အခွံနွှာစားသလောက် လွယ်ကူမယ့်ပွဲပါ။ အာဆင်နယ်ရဲ့ အရည်အချင်းတွေအရ အနိုင်ရလဒ်နဲ့ ကျော်ဖြတ်နိုင်မယ် ထင်ပါတယ်။ သူတို့ နိုင်မှာပါ။
ပေါလ်မာဆန် ခန့်မှန်းရလဒ်များ။ ။ Bournemouth 1-3 Arsenal
Wolves vs Manchester City
မန်စီးတီးကို ဝုဗ်တို့ ကြာကြာ တောင့်ခံထားနိုင်မယ်လို့ ကျနော် သံသယရှိတယ်။ ဝုဗ်ဘက်က ခံစစ်ကို ပိတ်ပြီး ကျစ်ကျစ်လစ်လစ် ကစားမှာဆိုပေမယ့် ဂွာဒီယိုလာရဲ့ အသင်းက သူတို့ကို ထိုးဖောက်ဖို့ နည်းလမ်းရှာနိုင်ပါတယ်။
ပေါလ်မာဆန် ခန့်မှန်းရလဒ်များ။ ။ Wolves 0-2 Man City
Liverpool – Chelsea
ဒီပွဲမှာ ဘယ်သူ့ဘက်ကမှ အသာရသွားမယ် မထင်ဘူး။ ကျွန်တော်ကတော့ သရေလို့ပဲ ခန့်မှန်းချင်တယ်။ ချယ်ဆီးက လီဗာပူး press ကို ကျော်ဖြတ်ပြီး ပြသနာတွေ ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။
ပေါလ်မာဆန် ခန့်မှန်းရလဒ်များ။ ။ Liverpool 2-2 Chelsea
အခြားပွဲစဉ်တွေအတွက် ပေါလ်မာဆန် ခန့်မှန်းရလဒ်များ
Tottenham Hotspur 2-1 West Ham
Ipswich Town 1-2 Everton
Fulham 1-1 Aston Villa
Newcastle United 2-2 Brighton
Southampton 1-2 Leicester City
Nottingham Forest 2-2 Crystal Palace