အာဆင်နယ် အသင်းကတော့ ဒီည ပရီးမီးယားလိဂ်မှာ ဘုန်းမောက် နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ရမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ဘုန်းမောက်နဲ့ အာဆင်နယ်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဆက်တန်က ” ဒီပွဲက ကျွန်တော် မျှော်နေတဲ့ နောက်ထပ် တစ်ပွဲပါ။ အာဆင်နယ်က ဒဏ်ရာ ပြသနာ တချို့ ရှိနေတယ်။ ဆာကာလည်း ပါတယ်။ ကိုင်ဟာဗက်ဇ်နဲ့ မာတင်နယ်လီကလည်း injury doubts တွေ။ မာတင် အိုဒီဂတ်က မပါနိုင်သေးဘူး။

ဒါပေမယ့် သူတို့ အဓိက တိုက်စစ်သမားတချို့ မပါဘဲတောင် အာဆင်နယ်က ရလဒ်ကောင်းတွေ ယူနိုင်တာ ကျွန်တော်တို့ သိနေတာပဲ။

သူတို့ ခံစစ်က အကောင်းဆုံး အနေအထားမှာ ရှိနေတယ်။ ဒါကြောင့်လည်း ရလဒ်ကောင်း ရအောင် ယူနိုင်တဲ့ အလေ့အကျင့် ဖြစ်လာခဲ့တာ။ ဒါပေမယ့် ဒီပွဲမှာ သူတို့ အခက်တွေ့မယ် ဆိုရင်လည်း ကျွန်တော် အံ့သြမိမှာ မဟုတ်ဘူး။

ဘုန်းမောက်က ဘယ်ပြိုင်ဘက်လာလာ အခွင့်အရေး အမြဲဖန်တီးနိုင်တဲ့ အသင်းပါ။ သူတို့ ပြသနာက အခွင့်အရေးကို အဆုံးသတ် ဂိုး အဖြစ် ပြောင်းလဲဖို့ပါပဲ။ ဒီစနေမှာ ဇာတ်လမ်းက တမျိုး ဖြစ်သွားနိုင်တယ်။” လို့ သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ ဘုန်းမောက် ၁-၁ အာဆင်နယ် ဖြစ်ပါတယ်။

ပွဲကတော့ စနေနေ့ ည ၁၁ နာရီမှာ ကန်ကြမှာ ဖြစ်ပါတယ်။