မန်ယူ အကြီးအကဲ အက် ၀ုဒ်ဝပ်က လက်ရှိနွေမှာ ဒုတိယမြောက် ကစားသမား ခေါ်ယူမှု အဖြစ် လက်စတာကစားသမား မက်ဂွဲယားကို ပေါင် သန်း ၈၀ ထိ ပေးကာ ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။

မန်ယူက စိတ်ဝင်စားနေတဲ့ လိုင်ယွန် ကွင်းလယ်တိုက်စစ်သမား အမ် ဒွမ်ဘီလီက တော့တင်ဟမ်စပါးကို အထင်ကြီးထားပြီး ပိုချက်တီနို အတွက် ကစားပေးဖို့ အသင်းပြောင်းရန် စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။ ၄င်းက လောလောဆယ် အားလပ်ရက် အနားယူရင်း အချိန်ယူ စဉ်းစားနေပြီး နောက်လထဲ သူပြန်လာချိန်မှာ အနာဂတ်အသင်းပြောင်း ကိစ္စများ ဆုံးဖြတ်ဖို့ ရှိပါတယ်။

မန်ယူက စိတ်ဝင်စားနေတဲ့ လက်စတာ အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဂျိမ်းစ်မက်ဒီဆန်ဟာ လက်ရှိ အချိန်အထိ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တုန့်ပြန်မှုတွေ ပြုလုပ်ပေးဖို့ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ကစားသမားတွေရဲ့ လစာ ပြဿနာကို ကိုယ်တိုင် ဖန်တီးခဲ့မိပြီး ဖြေရှင်းမနိုင် ဖြစ်နေတယ်လို့ အသင်း ကစားသမားဟောင်းကြီး Bryan Robson က ထောက်ပြ ပြောဆိုသွားပါတယ်။

မန်ယူဟာ ဆန်းချက်ကို လစာမြင့်ပေးပြီး ခေါ်ယူထားပြီးနောက် လက်ရှိအချိန်မှာလည်း ဒီဂီယာ၊ ရက်ဖို့ဒ်တို့ကို သက်တမ်းတိုး စာချုပ် သဘောတူလာအောင် ဆန်းချက်နီးပါး လစာတိုးဖို့ မက်လုံးပေး စည်းရုံးနေရတာပါ။

မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာက မုန်တိုင်းမကျခင် တိတ်ဆိတ်နေတဲ့ အပြောင်းအရွှေ့ လေထုကို လှုပ်ခတ်စေခဲ့ပြီ ဖြစ်ပါတယ်။ ၄င်းက “အခုအချိန်ဟာ တခြားမှာ စိန်ခေါ်မှု အသစ်တွေ ရှာဖွေဖို့ အချိန်ကောင်း ဖြစ်မယ်” လို့ တိုကျိုက Adidas ပွဲ မှာ အသင်းပြောင်းလိုကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်ယူက ခေါ်ယူဖို့ စိတ်ဝင်စားထားဖူးတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ဟိုဟာ ဘာစီလိုနာအတွက် ပိုမို ကြိုးစားသွားမယ်လို့ ပြောဆိုထားပေမယ့် သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေက ကျယ်ပြန့်စွာ ထုတ်ပေါ်နေဆဲဖြစ်ပါတယ်။

လူကာကူအတွက် မေးမြန်းမှုတွေ လုပ်နေပြီး သဘောတူညီမှု မရချိန်မှာ မန်ယူဘက်က အင်တာမီလန်အား အိုက်ကာဒီ အပြောင်းအရွှေ့ ပြန်မေးခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အသက် ၁၆ နှစ်အရွယ် ခြေစွမ်းထက် ပြင်သစ်သား ကွင်းလယ်ကစားသမား Hannibal Mejbri ကို ခေါ်ယူဖို့ မိုနာကို အသင်းထံ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

လူကာကူကို ခေါ်ယူဖို့ မန်ယူနဲ့ ညှိနှိုင်းမှုများ အဆင်မပြေနိုင်သေးတာကြောင့် အင်တာမီလန်ရဲ့ မျှော်လင့်ချက်က မှေးမှိန်စ ပြုလာခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူအသင်း ဂန္တ၀င်ကစားသမား ရီယို ဖာဒီနန်က အိုးထရက်ဖို့ဒ်ထံ အသင်း အားကစား ဒါရိုက်တာရာထူး တာဝန်ယူကာ ပြန်လာဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေသလို ဖာဒီနန် ကိုယ်တိုင်ကလည်း တကယ် ဖြစ်လာနိုင်တယ်လို့ ထုတ်ဖော် ပြောကြားမှု ပြုလုပ်သွားပါတယ်။