အောက်တိုဘာ ၂ဝ ရက်မှ စတင်ကာ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော မြို့ပတ်ရထား လက်မှတ်ခများကို တိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လက်ရှိရောင်းနေတဲ့ ၂ဝဝ တန် လက်မှတ်က ၄ဝဝ ဖြစ်လာပြီး ၃ဝဝ တန် လက်မှတ်က ၈ဝဝ ဖြစ်လာမယ် ဟု သိရသည်။ စက်သုံးဆီဈေးနှုန်းများ မြင့်မားလာမှုကြောင့် လက်မှတ်ခများ တိုးမြှင့်သတ်မှတ်ခြင်းဟုဆိုသည်။

ပြောင်းလဲသွားမည့် လက်မှတ်ခများမှာ မိုင် ၂ဝ ခရီးအတွက် ယခင် ၂ဝဝ ကျပ်အစား ၄ဝဝ ကျပ်အဖြစ် လည်းကောင်း၊ မိုင် ၂ဝ နှင့်အထက် မြို့တပတ်ခရီးအတွက် ယခင် ၃ဝဝ ကျပ်အစား ၈ဝဝ ကျပ် အဖြစ်လည်းကောင်း စသည်ဖြင့် ပြောင်းလဲသတ်မှတ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် လာမည့် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့ပတ် စပိန်ရထားများမှာ သံလှေကားများပါတော့မှာ မဟုတ်ဘဲ ဘူတာ ပလက်ဖောင်းများ ၅ ပေခွဲထိ မြှင့်နေမှုအား ဒီလကုန်အပြီး ပြင်ဆင်နေကြောင်း သိရသည်။