ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဂန်းနားဟောင်း ပေါမာဆန်ရဲ့ ပွဲကြို ရလဒ်ခန့်မှန်းတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။
Manchester City vs Southampton
ဘယ်လိုရလဒ်မျိုး ရချင်လဲ? ဆောက်သမ်တန်က မန်စီးတီးတို့ ဖျက်ဆီးတာကို ရင်ဆိုင်ရမှာပါ။ ကျနော်ကတော့ စီးတီးတို့ ၄-၀ လောက်နဲ့ကို ဂိုးပြတ်နိုင်သွားမယ် ထင်မိတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Man City 4-0 Southampton
Chelsea vs Newcastle United
စွမ်းဆောင်ရည် မတည်ငြိမ်တဲ့ နယူးကာဆယ်လို အသင်းကို ရင်ဆိုင်ရတာ ချယ်ဆီးအတွက် အဆင်ပြေပါလိမ့်မယ်။ မာရက်စ်ကာရဲ့ အသင်း ခပ်မြန်မြန် တုန့်ပြန်ပြဖို့တော့ လိုလိမ့်မယ် ဘာလို့လဲဆိုတော့ သူတို့ ထိပ်ဆုံး ၄ သင်း အပြင်ကို ရောက်နေပါပြီ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Chelsea 3-1 Newcastle United
West Ham United vs Manchester United
ရှုံးခဲ့ရင် ယူနိုက်တက်အတွက် အဆင်မပြေပါဘူး။ အကယ်လို့ နိုင်ပြန်ရင်လည်း ဒါက ပုံမှန်ပါပဲ။ ဒီလိုပွဲမျိုးတော့ ယူနိုက်တက်တို့ နိုင်ရမှာပါ။ ဒီတော့ တန်ဟက် ဘယ်လိုရလဒ်ပဲ ယူပေးပေး နာမည်ကောင်းရဖို့က ခက်ခဲနေမှာပါ။ ဒီပွဲ သရေကျသွားမယ် ထင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ West Ham 2-2 Man United
Arsenal vs Liverpool
အာဆင်နယ်ကတော့ ဒီပွဲ ရှုံးရင် title race ကနေ ထွက်ရပါပြီ။ လီဗာပူးကတော့ ဒီပွဲမှာ ကြမ်းလိမ့်မယ်လို့ ကျွန်တော် မြင်နေတယ်။ ဒါပေမယ့် သူတို့ နိုင်ပါ့မလား ကျွန်တော် သံသယ ရှိမိတယ်။ အာဆင်နယ်အတွက် ရလဒ်ကောင်းအဖြစ် သရေပဲ ကျသွားမယ်ထင်တယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Arsenal 1-1 Liverpool
အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ
Leicester City 1-1 Nottingham Forest
Brentford 2-0 Ipswich Town
Brighton 3-1 Wolves
Aston Villa 1-1 Bournemouth
Everton 1-2 Fulham
Crystal Palace 2-2 Tottenham