ဒီနေ့ တနင်္ဂနွေနေ့ ညမှာ ပရီးမီးယားလိဂ် စူပါဆန်းဒေး ပွဲကောင်း အဖြစ် အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ အမ်းမရိတ်ကွင်းမှာ မြန်မာစံတော်ချိန် ည ၁၁ နာရီ အချိန် ထိပ်တိုက် ရင်ဆိုင်ကြဖို့ ရှိနေပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အာဆင်နယ် – လီဗာပူး ပွဲစဉ် အတွက် အခုလို သုံးသပ်ထားပြီ ဖြစ်ပါတယ်။

” လီဗာပူးက အသင်းကြီးတွေချင်း မတွေ့သေးလို့ပါလို့ အရင်အပတ်ကထိ ကျွန်တော်တို့ ပြောနေခဲ့ကြသေးပေမယ့် သူတို့ ချယ်ဆီးနဲ့ ပွဲမှာ အနိုင်ကန်ပြခဲ့ပြီ။ အခုချိန်ထက် အာဆင်နယ်ကို လီဗာပူးတို့ တွေ့ဖို့ ပိုကောင်းတဲ့ အချိန် ရှိမယ် မထင်ဘူး။

အာဆင်နယ်ကတော့ ဒီပွဲ ရှုံးရင် title race ကနေ ထွက်ရပါပြီ။ မီခေးလ် အာတီတာ ကတော့ ဒီအပတ် နောက်ထပ် ရှုံးပွဲ တစ်ပွဲ ထပ်ကြုံလို့ မရဘူး ဆိုတာ ကောင်းကောင်း သိနေမှာပါ။

သူတို့မှာ အဓိက ကစားသမားတွေကလည်း ဒဏ်ရာ ပြသနာတွေ ရှိနေတယ်။ ဆာကာ ရယ်ဒီ မဖြစ်လောက်ဘူး၊ အိုဒီဂတ် မပါနိုင်ဘူး၊ ဆာလီဘာက ပွဲပယ်။ လောလောလတ်လတ် ကာလာဖီအိုရီကလည်း နာသွားတယ်။

လီဗာပူးကတော့ ဒီပွဲမှာ ကြမ်းလိမ့်မယ်လို့ ကျွန်တော် မြင်နေတယ်။ အာဆင်နယ်ကတော့ အားထားရတဲ့သူတွေ သိပ် မပါနိုင်ကြလို့ ချေမှုန်းခံရတော့မှာပဲ။ ကလော့ပ်က ဒီလိုပွဲမျိုးဆို အပြတ်ချေမှုန်းတတ်ပြီး အာနယ် ဆလော့ကတော့ ပိုပြီး ထိန်းချုပ်ဖို့ ကြိုးစားတတ်သူပါ။

ဒါပေမယ့် သူတို့ နိုင်ပါ့မလား ကျွန်တော် သံသယ ရှိမိတယ်။ အဆုံးမှာ သရေပဲ ကျသွားမယ်ထင်တယ်။ အာဆင်နယ် အတွက်တော့ ရလဒ်ကောင်းပေါ့။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၁-၁ လီဗာပူး ဖြစ်ပါတယ်။