သရဲနီဟောင်းကြီး ပေါလ် စခိုးက မာတင် အိုဒီဂတ် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ပြန်ကစားပေးနိုင်တာနဲ့ အာဆင်နယ်ဟာ နောက်ထပ်အဆင့်တစ်ခုကို တက်ရောက်သွားနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

လက်ရှိမှာ နော်ဝေကွ င်းလယ်လူမပါဝင်နိုင်မှုက အာဆင်နယ်ရဲ့ ကစားပုံကို ပြောင်းလဲစေခဲ့တယ်လို့ စခိုးလ်က ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ရသေးပြီး ၃ နှစ်ဆက်တိုက် ဖလားစိန်ခေါ်ဖို့ ကြိုးပမ်းနေချိန်မှာ ပေါလ် စခိုးက အာတီတာရဲ့အသင်းရဲ့စွမ်းဆောင်ရည်က အနည်းငယ် ကျဆင်းနေခဲ့တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါလ်စခိုးက အဲဒီလိုဖြစ်နေရတာက အော်ဒီဂွါဒ် မပါဝင်နိုင်မှုနဲ့ အများကြီး သက်ဆိုင်နေတယ်လို့ ယုံကြည်နေပြီး အာဆင်နယ် အသင်းခေါင်းဆောင်ဟာ အသင်းအပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်က အိုဒီဂတ် ကို အရမ်းကို လွမ်းဆွတ်နေပါတယ်။ သူက သူတို့ကစားပုံကို ပြောင်းလဲပေးခဲ့တယ်။ သူက အသင်းကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။

ကျွန်တော် အဲဒါကို ရာသီအစောပိုင်းကတည်းက ပြောခဲ့ပါတယ်။ အာဆင်နယ်နဲ့ပတ်သက်ပြီး ကျွန်တော် စိတ်ပျက်ခဲ့တယ်။ ဒါပေမယ် အဲဒါက အသင်းထဲမှာ အိုဒီဂတ် မပါဝင်နိုင်မှုနဲ့ အများကြီးဆိုင်တယ်လို့ ထင်တယ်။ ကျန်တဲ့နေရာတွေအားလုံးကတော့ အဆင်ပြေနေတဲ့ပုံပေါ်ပါတယ်။

သူတို့တွေမှာ ဒဏ်ရာပြဿနာတွေရှိနေပြီး ပွဲပယ်ပြဿနာတွေရှိတယ်။ ဒါပေမယ့် အသင်းပုံစံကြည့်ရတာ အဆင်ပြေနေတဲ့ပုံပဲ”လို့ ပြောဆိုခဲ့ပါတယ်။