မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စပို့တင်း လစ္စဘွန်းအသင်းရဲ့ ပေါ်တူဂီသား ဘောလုံးနည်းပြ ရူဘင် အမ်မိုရင်း(၃၉နှစ်)ကို အသင်း နည်းပြသစ် အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အမ်မိုရင်း ကို ယူနိုက်တက်က မန်နေဂျာ အဖြစ် ခန့်အပ်တာ မဟုတ်ဘဲ နည်းပြချုပ် Head Coach အဖြစ်သာ တာဝန်ပေးထားတာပါ။

နာမည်ကြီး နည်းပြတွေထက် အမ်မိုရင်း ဟာ ဒီလို Head Coach အဖြစ်နဲ့ သွားတာက အသင်းရဲ့ Structure နဲ့ ပိုပြီး အံဝင်မယ်လို့ ယူနိုက်တက်ဘက်က မျှော်လင့်ထားပါတယ်။

ယူနိုက်တက်က နည်းပြ အမ်မိုရင်း ကို အသင်းဆီ ခေါ်ယူဖို့အတွက် စာချုပ်လျော်ကြေး ယူရို (၁၁)သန်းအထိ ပေးချေခဲ့ရပြီး အသင်းနဲ့ ၂၀၂၇ + ထပ်တိုးတစ်နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အမ်မိုရင်းဟာ လာမယ့် နိုဝင်ဘာ (၁၁)ရက်နေ့ကနေ စတင်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်သွားတော့မှာပဲ ဖြစ်ပါတယ်။