ဒီအပတ်ပွဲတွေအတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေဖြစ်ပါတယ်။
Newcastle United vs Arsenal
အာဆင်နယ်အတွက် ပွဲကြီးပါပဲ။ နယူးကာဆယ်ပြီးရင် ချယ်ဆီးကို အဝေးကွင်း သွားကစားရဦးမှာပါ။ ဒီနှစ်ပွဲက ဂန်းနားတွေအတွက် အဓိကကျတဲ့ ပွဲစဉ်တွေ ဖြစ်လာပါလိမ့်မယ်။ ကျနော်ကတော့ အာဆင်နယ် နိုင်သွားမယ် ထင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Newcastle United 1-2 Arsenal
Liverpool vs Brighton
ဘရိုက်တန်က ကောင်းရင် ဇွတ်ကောင်း၊ မကောင်းဘူးဆိုလည်း တော်တော်ကိုမကောင်းတာ။ လီဗာပူးအတွက် ခက်ခဲမယ့်ပွဲ ဆိုပေမယ့် သူတို့ပြနေတဲ့ အရည်အချင်းအရ ၃ မှတ်ရသွားမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Liverpool 3-1 Brighton
Bournemouth vs Manchester City
ပွဲကို ၅-၀၊ ၆-၀ အနိုင်ရလို့လည်း အမှတ်ပိုမရပါဘူး။ ဒီတော့ အခုချိန်မှာ ရလဒ်ကောင်း ယူနိုင်နေတာကပဲ မန်စီးတီးအတွက် အဆင်ပြေပါတယ်။ ဒီအပတ်ပွဲကို သူတို့ အနိုင်ရမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Bournemouth 0-2 Manchester City
Manchester United vs Chelsea
တန်ဟက် ဆက်ကိုင်နေရင် ဒီပွဲကို အနိုင်ရဖို့ ချယ်ဆီးက ပိုပြီး ရေပန်းစားမှာ အခုက ရုဒ်ကိုင်နေတာဆိုတော့ အပြောင်းအလဲ ရှိလာပါလိမ့်မယ်။ ဒီပွဲကိုတော့ ချယ်ဆီးနိုင်သွားမယ် ထင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester United 1-3 Chelsea
အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ
Ipswich Town 2-1 Leicester City
Southampton 2-1 Everton
Nottingham Forest 2-1 West Ham United
Wolves 1-0 Crystal Palace
Tottenham Hotspur 2-1 Aston Villa
Fulham 2-1 Brentford