ဒီအပတ် ပွဲကောင်းများတဲ့ ပရီးမီးယားလိဂ်ပွဲတွေအတွက် ဂန်းနားကြီး ပေါမာဆန်ရဲ့ ရလဒ် ခန့်မှန်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Brighton vs Manchester City
စီးတီးက ၄ ပွဲဆက်တော့ ရှုံးမှာ မဟုတ်ပါဘူး။ အခုချိန်မှာ စီးတီးက အမှောင်ဆုံးကာလကို ရောက်နေတယ် ဆိုပေမယ့် သူတို့က ပြိုင်ဘက်ကို အနိုင်ယူနိုင်စွမ်း ရှိနေဆဲပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Brighton 1-2 Manchester City
Liverpool vs Aston Villa
ဒီပွဲ အနိုင်ရလောက်အောင် လီဗာပူးက ကစားပုံ ကောင်းမနေပါဘူး။ ဘရိုက်တန်ပွဲကလို သွားကစားရင် ဒူးရန်တို့ ဝတ်ကင်တို့က လီဗာပူးကို အပြစ်ပေးနိုင်စွမ်း ရှိနေပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Liverpool 2-2 Aston Villa
Manchester United vs Leicester City
အမ်မိုရင်ကို သဘောကျပေမယ့် အိုးထရတ်ဖိုဒ့်မှာ အောင်မြင်ဖို့ကတော့ တစ်ညတည်းနဲ့ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။ ဗာဒီ ကြံ့ခိုင်နေရင် လက်စတာက တန်းဆင်းရမယ့် အရေးကနေ ရှောင်လွဲနိုင်မှာပါ။ ဒီပွဲမှာ အနိုင်ရမယ့် အသင်းက တစ်သင်းတည်းရှိပြီး လက်စတာတော့ မဟုတ်ပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Man United 3-1 Leicester City
Chelsea vs Arsenal
အာဆင်နယ်အတွက် နိုင်မှဖြစ်မယ့် ပွဲတစ်ပွဲပါပဲ။ ပါလ်မာ မပါနိုင်ရင် အာဆင်နယ် ဒီပွဲကို နိုင်ပါတယ်။ ပါလ်မာ ပါနိုင်မှာပဲ ချယ်ဆီးတို့ အခွင့်အရေး ရပါလိမ့်မယ်။ ဒီပွဲ သရေကျသွားမယ် ထင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Chelsea 2-2 Arsenal
အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ
Wolves 3-0 Southampton
West Ham 2-0 Everton
Brentford 2-2 Bournemouth
Crystal Palace 1-1 Fulham
Nottingham Forest 2-1 Newcastle
Tottenham 3-1 Ipswich Town