အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက အာဆင်နယ်အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၃ ပွဲတွင် ရမှတ် ၁ မှတ် သာ ရရှိခဲ့ပေမဲ့လည်း အသင်းကို အသစ်ပြန်လည်စတင်ရန် မလိုအပ်ကြောင်း ပြောကြားလာပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံးကစားတဲ့ ပရီးမီးယားလိဂ်ပွဲ ၃ ပွဲတွင် လီဗာပူးနှင့် သရေကျပြီး နယူးကာဆယ်၊ ဘုန်းမောက်တို့အား ရှုံးနိမ့်ထားပါတယ်။

၎င်းတို့ဟာ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၇ မှတ်အထိ ကွာဟနေပြီး ဗုဒ္ဓဟူးနေ့တုန်းက အင်တာမီလန်ကိုလည်း ထပ်မံ ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်တွင်လည်း အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

အာတီတာက ” (အာဆင်နယ် အသစ်ပြန်လည်စတင်ရန်) လိုအပ်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော့်လောက် ဘယ်သူ အလုပ်မကြိုးစားပါဘူး။ ဒါကို ရဲရဲကြီး ပြောရဲတယ်။ အသစ်ပြန်လည်စတင်ဖို့ မလိုဘူး။ ကြိုးစားအားထုတ်မှု ၉၅ ကနေ ၁၀၀ အထိ သွင်းဖို့ပဲ လိုတယ်”လို့ ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့တွင် လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးအား အဝေးကွင်းသို့ ရင်ဆိုင်ကစားရပါမယ်။

ဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူခဲ့ရတဲ့ အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်မှာ အင်တာမီလန်နှင့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ပြီးနောက် ချဲလ်ဆီးနှင့်ပွဲတွင်လည်း ပါဝင်ကစားလာနိုင်ဖို့ သေချာနေပါတယ်။

ဒါပေမဲ့ အင်တာမီလန်နှင့်ပွဲကို လွဲခဲ့တဲ့ ဒီကလန်ရိုက်စ်မှာမူ ချဲလ်ဆီးနှင့်ပွဲတွင် ပါဝင်ကစားရန် မရေမရာ ဖြစ်နေပါတယ်။
ဒါ့အပြင် အာတီတာက အိုဒီဂတ်ကို ချဲလ်ဆီးနှင့်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် သုံး/မသုံး ဆုံးဖြတ်ရဦးမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။