ဒီတနင်္ဂနွေနေ့ ညမှာတော့ ချယ်ဆီးနဲ့ အာဆင်နယ် အသင်းတို့ စတန်းဖို့ဘရစ်ချ်မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ထိပ်တိုက်တွေ့မယ့် လန်ဒန်ဒါဘီပွဲ ရှိနေပါတယ်။ ပွဲကတော့ ဒီည မြန်မာစံတော်ချိန် ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဆရာကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ချယ်ဆီး – အာဆင်နယ် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်စီးတီးနဲ့ လီဗာပူးတို့ ပွဲတွေ အပြီးမှာ ဒီပွဲ ကစားရမှာဆိုတော့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ အာဆင်နယ်တို့ ရှုံးသွားမယ်ဆိုရင် လီဗာပူးက ၁ဝ မှတ်လောက်၊ စီးတီးကလည်း ၈ မှတ်လောက် ဖြတ်လိုက်နိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။

ဘုန်းမောက်ပွဲမှာ မန်စီးတီး ခြေချော်ခဲ့တာ အာဆင်နယ် ကံကောင်းပါတယ်။ ဒါပေမယ့် ဒီအပတ်မှာတော့ အဲ့လိုမျိုး ဖြစ်လာဖွယ် မရှိပါဘူး။ အာဆင်နယ်အတွက် နိုင်မှဖြစ်မယ့် ပွဲတစ်ပွဲပါပဲ။

ဒီလောက် စောစောမှာတင် လီဗာပူးနဲ့ စီးတီးကို ၁၀ မှတ်၊ ၈ မှတ်လောက် ပြတ်သွားရင် ဖလားပြိုင်ဆိုင်မှုက ပြီးသွားပါပြီ။ ပွဲတွေ ဘယ်လောက်ပဲ ကျန်ပါစေ ပြိုင်ဘက် အသင်းတွေက ရှုံးပွဲ အများကြီး ရင်ဆိုင်ရမယ့် အသင်းမျိုးတွေ မဟုတ်ပါဘူး။

ဒီရာသီ ကစားရသမျှ ပွဲကြီးတိုင်းကို ချယ်ဆီးတို့ ရှုံးထားတယ်။ ဒီပွဲကိုတော့ သူတို့ သိပ် အနိုင်ရချင်နေပါလိမ့်မယ်။ အာဆင်နယ်က ဦးဆောင်မှု ခပ်မြန်မြန်ရရင် ချယ်ဆီးတို့ ပြဿနာတတ်ပါပြီ။

ပါလ်မာ မပါနိုင်ရင် အာဆင်နယ် ဒီပွဲကို နိုင်ပါတယ်။ ပါလ်မာ ပါနိုင်မှာပဲ ချယ်ဆီးတို့ အခွင့်အရေး ရပါလိမ့်မယ်။ သူက ချယ်ဆီးရဲ့ နှလုံးသားဖြစ်ပြီး ကိစ္စတိုင်း သူ့ထံကနေ စတင်ပါတယ်။ ဒီပွဲ သရေကျသွားမယ် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်

ချယ်ဆီး ၂-၂ အာဆင်နယ် ဖြစ်ပါတယ်။