အာဆင်နယ်နောက်ခံကစားသမား ဘန် ဝှိုက်ဟာ ကာလရှည် သယ်ဆောင်ထားရတဲ့ ဒူးဒဏ်ရာကို အသေးစား ခွဲစိတ် ကုသမှုတွေ ပြုလုပ်ခဲ့ပြီး အာတီတာအတွက် ဒဏ်ရာပြဿနာတွေက ဆက်လက် မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ညာနောက်ခံလူဟာ အာဆင်နယ်ရဲ့ ပွဲထွက်လူစာရင်းထဲမှာ အမြဲတမ်းပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ဒဏ်ရာရနေလျက်နဲ့ တောက်လျောက် ပါဝင်ကစားပေးနေခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ညာနောက်ခံလူဟာ အောက်တိုဘာလမှာ ဘုန်းမောက်၊ လီဗာပူးလ်တို့ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်မကစားပေးမီ လက်စတာစီးတီး၊ ပီအက်စ်ဂျီ၊ ဆောက်သမ်တန်တို့နဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

နယူးကားဆယ်နဲ့ မကြာသေးမီးက ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း လက်ရှိ နိုင်ငံတကာပွဲအားလပ်ရက်အတွင်းမှာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ ဝှိုက်ဟာ ၈ ပတ်ကြာ အနားယူရမှာ ဖြစ်ပြီး နှစ်သစ်ကူးကာလအထိ ပွဲကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အာဆင်နယ်ကတော့ ခရစ္စမတ်ပွဲကြပ်ကာလအမီ ဘင်ဝှိုက် ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်နေပါတယ်။

ဘန်ဝှိုက်ဟာ ယခုရာသီမှာ အာဆင်နယ်အတွက် ဒဏ်ရာဖြင့် ကစားလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အကန့်အသတ်ဖြင့်သာ ကစားနိုင်ပြီး ၁၂ ပွဲကစားထားပါတယ်။

နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲစလုံးမှာ နိုင်ပွဲမရခဲ့တဲ့ အာဆင်နယ်ဟာ နိုဝင်ဘာ ၂၃ ရက်နေ့မှာ နော်တင်ဟမ် ဖောရက်စ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားပြီးတာနဲ့ ၃ ရက်အကြာမှာ စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားသွားရဖို့ ရှိနေတာဖြစ်ပါတယ်။