မန်ယူအသင်းဟာ ဝက်ဟမ်းအသင်းရဲ့ ခံစစ်မှူး ဒီအော့ကို ပေါင် ၄၅ သန်း ဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့် ဝက်ဟမ်းဘက်က မန်ယူအသင်း လက်မခံတဲ့ တောင်းဆိုမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဝက်ဟမ်းက ဒီအော့ကို ဒီနွေမှာ ရောင်းထုတ်ဖို့ စိတ်ဝင်စားပြီး သူ့ကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေက ပေါင် သန်း ၆၀ ပေးရပါမယ်လို့ ဈေးစကား ဆိုလိုက်ပါတယ်။ မန်ယူဘက်က အဆိုပါ ခံစစ်သမားအတွက် ပေါင် ၄၅ သန်း တန်ကြေးရှိတဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးထားခဲ့တာဖြစ်တယ်။

ဝက်ဟမ်းက မန်ယူဘက်က ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ကြေးအပြင် မန်ယူကစားသမား တစ်ဦးကို အလိုက်ပေးဖို့ ဆိုတဲ့ တောင်းဆိုမှုကို ပြန်လုပ်ခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့် မန်ယူဘက်ကတော့ ဝက်ဟမ်း တောင်းဆိုတဲ့ အသင်းသားကို ပေးဖို့ အစီအစဉ် မရှိပါဘူး။

မန်ယူအသင်းထံက ဘယ်ကစားသမားကို ပြန်တောင်းဆိုတယ်ဆိုတာ မသိရပေမယ့် လူငယ်တစ်ဦး ဖြစ်နိုင်တယ်လို့ ယူဆထားရပါတယ်။ လူငယ်တစ်ဦးနဲ့ဆိုရင် ဒီအော့ရဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၆၀ ထိ ရောက်ဖို့လည်း ဝက်ဟမ်းက အလိုရှိနေပါတယ်။

မန်ယူဟာ ကိုလီဘာလီအတွက် ပေါင် သန်း ၁၀၀၊ မက်ဂွဲရားအတွက် ပေါင် သန်း ၈၀ တို့ကို အတောင်းခံထားရလို့ ခံစစ်အတွက် အင်အားဖြည့်ဖို့ အဆင်မပြေဖြစ်နေတာပါ။ ခံစစ်မှူး ရှာမရရင်တော့ ဒီအော့အတွက် ပေါင် သန်း ၆၀ ပေးလိုက်ဖို့ပဲ ရှိပါတော့တယ်။