အာဆင်နယ်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပထမဆုံး လူးသစ်ခေါ်ယူမှုအဖြစ် ဘရာဇီးသား တိုက်စစ်သမားလေး မာတီနယ်လီကို ခေါ်ယူနိုင်တော့မှာဖြစ်ကြောင်း လန်ဒန် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အာဆင်နယ်ဟာ မာတီနယ်လီကို ခေါ်ယူဖို့ကို အရင်လတွေတည်းက သဘောတူညီမှု ရယူထားနိုင်ခဲ့တာဖြစ်ပြီး တရားဝင်း အပြီးသတ် စာချုပ်တွေ လုပ်နိုင်ဖို့ရာ ကစားသမားလေး အသက် ၁၈ နှစ်ပြည့်တဲ့အချိန်ကို စောင့်နေခဲ့တာဖြစ်ပါတယ်။

ဘရာဇီးကလပ်နဲ့အတူ ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းဖြင့် သဘောတူညီမှု ရခဲ့တာဖြစ်ပြီး ၅ နှစ် စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရတယ်။ သူဟာ အာဆင်နယ်ကို မပြောင်ခင် လူငယ်ကစားသမား ဘဝမှာတုန်းက ဘာစီလိုနာအသင်းနဲ့ ခြေစွမ်းစမ်းသပ်ခဲ့ဖူးသလို ၂၀၁၇ ခုနှစ်တုန်းက မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်း စမ်းသပ်ခံခဲ့ဖူးပါတယ်။

ဘရာဇီးက အသင်းကင်းထောက်တွေရဲ့ ထောက်ခံချက်ကောင်း ရှိထားသလို နည်းစနစ်ဒါရိုက်တာဖြစ်လာဖို့ ရေပန်းစားနေဆဲ့ ဂန်ားဟောင်းကြီး အီဒူးကြောင့် သူ့ကို ခေါ်နိုင်ဖို့ အရေးသာခဲ့တာဖြစ်တယ်။ တိုက်စစ်သမားလေးဟာ ဒီကနေ့ ဇွန်လ ၁၈ ရက်မှာပဲ အသက် ၁၈ နှစ်ပြည့်ခဲ့တာဖြစ်လို့ အာဆင်နယ်နဲ့ အပြီးသတ်ကိစ္စတွေကို ရှေ့ဆက်တော့မှာဖြစ်တယ်။

မာတီနယ်လီဟာ တောင်ပံကို အားပြုကစားတဲ့ တိုက်စစ်သမားဖြစ်ပြီး အင်္ဂလန်မှာ အလုပ်ပါမစ်ရဖို့ကတော့ အီတလီပတ်ပိုစ့်ကို ကိုင်ဆောင်သွားမယ်လို့ သိရပါတယ်။