လီဗာပူး၊ စီးတီး၊ အာဆင်နယ် ၃သင်းထဲမှာ တစ်သင်းကတော့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲကနေ ထွက်သွားရပြီ လို့ လီဗာပူး ကစားသမားဟောင်းကြီး ဟာမန်း သုံးသပ်လိုက်ပါတယ်။

လက်ရှိမှာတော့ လီဗာပူးအသင်းက အမှတ်ပေးဇယားထိပ်မှာ ၈ မှတ် ဖြတ်ကာ ဦးဆောင်နေပြီး မန်စီးတီးက ဒုတိယ၊ ချယ်ဆီးနဲ့ အာဆင်နယ်ကတော့ ရမှတ်တူနဲ့ အဆင့် ၃၊ ၄ မှာ အသီးသီး ရပ်တည်နေပါတယ်။

မန်စီးတီးအသင်းဟာ ဒီတလော မကြုံစဖူး အခြေအနေ ဆိုးနေတောင် လန်ဒန်ကလပ် နှစ်သင်းရဲ့ အထက်မှာ ရပ်တည်နေဆဲပါ။

ဟာမန်းကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို လီဗာပူးနဲ့ စီးတီးပဲ အဓိက လုရမယ်လို့ မြင်ပြီး အာဆင်နယ်ကို ချန်ထားလို့ ရပြီ လို့ ဆိုလာပါတယ်။

” မန်စီးတီးကို ချန်ပီယံ ဖြစ်နိုင်ခြေထဲကနေ ဖယ်ထုတ်ပစ်ဖို့ကတော့ စောသေးတယ် ပြောရမယ်။ အခုက ဘယ်နှပွဲ ကစားပြီးလို့လဲ။ ၁၂ ပွဲပါ။ ဘောလုံးရာသီရဲ့ ၃ ပုံ ၁ ပုံတောင် ကစားတာ မပြည့်သေးပါဘူး။

ဒီအချိန်မှာ လီဗာပူးကတော့ မန်စီးတီး ကို ဖလား ယှဉ်လုမယ့် အဓိက ပြိုင်ဘက် ဆိုတာ သေချာနေပါပြီ။ လက်ရှိမှာ သူတို့ အနေအထားကလည်း အတော် ကောင်းနေတယ်။ ခြေစွမ်း အကောင်းဆုံး မဖြစ်နေတဲ့ ပွဲတွေမှာတောင် သူတို့ နိုင်အောင် ကစားနေတယ်။ ဒါက အသင်းကောင်း တစ်သင်းရဲ့ လက္ခဏာပါပဲ။

ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်တည်းက ပရီးမီးယားလိဂ်ဟာ နှစ်ကောင်တည်း ပြေးတဲ့ မြင်းပြိုင်ပွဲလို ဖြစ်မယ် လို့ ကျွန်တော် ပြောခဲ့ပါသေးတယ်။ လီဗာပူးနဲ့ မန်စီးတီးပဲ ဒီရာသီ အဓိက ယှဉ်မှာပါ။

အာဆင်နယ်က အဘက်ဘက် ပြည့်စုံတဲ့ ပုံစံနဲ့ ပြီးခဲ့တဲ့ နှစ်ရာသီ ကြိုးစားခဲ့ပြီးပြီ။ အကုန် ညှစ်ထုတ်ခဲ့ပြီးပြီတောင် သူတို့ အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ဒီရာသီလည်း သူတို့ လုပ်နိုင်မယ် လို့ ကျွန်တော် မထင်ဘူး။

လက်ရှိ ဇယားထိပ်မှာ ရှိနေတဲ့ လီဗာပူးကို လိုက်မှီလာနိုင်တဲ့ တစ်သင်းတည်းက မန်စီးတီး လို့ပဲ မြင်ပါတယ်။ ” လို့ ဟာမန်းက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။