ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Everton vs Liverpool

လီဗာပူးတို့ ထပ်ပြီး ဒုက္ခရောက်တော့မယ့် ပွဲ မဟုတ်ပါဘူး။ ကျနော်ကတော့ ဂူဒီဆန်ပက်ခ်မှာ ဧည့်သည် လီဗာပူးအသင်း ၃ မှတ် အပြည့်ရသွားမယ် ထင်ပါတယ်။

ပေါမာဆန် ရလဒ်ခန့်မှန်း။ ။ Everton 0-2 Liverpool

Crystal Palace vs Man City

ပဲလေစ့်ပွဲပြီးရင် မန်စီးတီးက ယူနိုက်တက်နဲ့ ဒါဘီပွဲ ကစားရမှာပါ။ ပဲလေစ့်ကွင်းမှာ အနိုင်မရခဲ့ရင် ထိခိုက်မှု ကြီးသွားပါလိမ့်မယ်။

ပေါမာဆန် ရလဒ်ခန့်မှန်း။ ။ Crystal Palace 0-2 Man City

Manchester United vs Nottingham Forest

ဖောရက်စ်က မန်စီးတီးကို ရှုံးပေမယ့် ယူနိုက်တက်ကိုတော့ ပြဿနာတွေ ပေးနိုင်ပါသေးတယ်။ သူတို့ရဲ့ ထက်မြက်တဲ့ တောင်ပံတွေက ယူနိုက်တက်ကို နာကျင်စေမှာမို့ သရေကျသွားမယ် ထင်ပါတယ်။

ပေါမာဆန် ရလဒ်ခန့်မှန်း။ ။ Man United 2-2 Nottingham Forest

Fulham vs Arsenal

ဖူလ်ဟမ်က ကောင်းပေမယ့် အာဆင်နယ်က မယုံနိုင်လောက်အောင် ပိုကောင်းနေလို့ သူတို့ကို ရပ်တန့်ဖို့ ခက်ခဲပါလိမ့်မယ်။ မနှစ်က ဒီပွဲကို ရှုံးထားဖူးတော့ ဂရုစိုက်ပြီး ယှဉ်ပြိုင်ရမှာပါ။

ပေါမာဆန် ရလဒ်ခန့်မှန်း။ ။ Fulham 1-2 Arsenal

Tottenham Hotspur vs Chelsea

စပါးအသင်းက ဖျော်ဖြေမှု ပေးနိုင်နေပေမယ့် နေရာစုံမှာ ချယ်ဆီးက ကစားသမားကောင်းတွေ ပိုရှိနေသလို သူတို့ကို ကိုင်တွယ်ဖို့ဟာ စပါးအတွက် ခက်ခဲလွန်းပါတယ်။

ပေါမာဆန် ရလဒ်ခန့်မှန်း။ ။ Tottenham Hotspur 1-3 Chelsea

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ရလဒ်ခန့်မှန်းများ

Aston Villa 3-0 Southampton
Brentford 2-2 Newcastle United
Leicester City 1-3 Brighton
Ipswich Town 1-2 Bournemouth
West Ham United 2-0 Wolves