မြန်မာဗဟိုဘဏ်မှ ဒီဇင်ဘာလ ပထမအပတ်မှာတင် အမေရိကန်ဒေါ်လာ ၅၃ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ကို ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ဒီဇင်ဘာလ ၂ ရက်နေ့မှာ ငွေလဲနှုန်း ၃၅၈၅ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၃၈ သန်းကို ဗဟိုဘဏ်က ထုတ်ရောင်းခဲ့သည်။
ဒီဇင်ဘာလ ၆ ရက် (သောကြာ) နေ့တွင်လည်း ငွေလဲနှုန်း ၃၅၈၅ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၁၅ သန်းအား ဗဟိုဘဏ်၏ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်မှတစ်ဆင့် ရောင်းချပေးခဲ့သည်။
ထို့အပြင် ဒီဇင်ဘာလ ၆ ရက်မှာတင် ငွေလဲနှုန်း ၅၃၃.၆၀ ကျပ်နှင့် တရုတ်ယွမ် ၁.၀၄၇ သန်းကျော်၊ ငွေလဲနှုန်း ၁၂၉ ကျပ်နှင့် ထိုင်းဘတ် သန်း ၂၀၀ အား ဗဟိုဘဏ်မှ ရောင်းချပေးခဲ့သည်။
လက်ရှိကုန်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ သုံးစွဲမှုအစား ထိုင်းဘတ် သုံးစွဲမှုပိုများလာနေသည်။ နိုဝင်ဘာလထဲမှာစပြီး ဗဟိုဘဏ်က စျေးနူန်းတိုးသတ်မှတ်လိုက်ရာက နိုင်ငံခြားငွေလဲလှယ်တဲ့စျေးကွက်မှာ ထိုင်းဘတ်ဟာ ဗဟိုဘဏ်စျေးနဲ့ ပြင်ပပေါက်စျေး စျေးတန်း အတူဖြစ်လာနေသည်။
ဒီအခြေအနေဟာ ပို့ကုန်သမားတွေအတွက် အဆင်ပြေစေပြီး တောင်သူတွေကို စျေးပိုရစေပေမယ့် သွင်းကုန်းဘက်တွေမှာလည်း စျေးပိုတက်လာစေလို့ ကုန်စျေးနှုန်း ကျဆင်းဖို့ ခက်ခဲတာမျိုးတွေ ဖြစ်လာကြောင်း ပို့ကုန် လုပ်ငန်းရှင်တွေက ပြောဆိုထားသည်။
အခုအနေအထားဟာ လတ်တလောဈေးကွက်မှာ ဒေါ်လာထက် ဘတ်နဲ့ ယွမ် အလွှဲအပြု ပိုလုပ်ကြတဲ့ အညွှန်းကိန်းကိုလည်း မြင်သာစေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က သုံးသပ်ထားသည်။