မန်စီးတီးအသင်းဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က PSV အသင်းထံ ရောင်းချခဲ့တဲ့ အကယ်ဒမီထွက် စပိန်သား ခံစစ်မှူး အိန်ဂျလီနိုကို ပြန်လည် ခေါ်ယူရန် စဉ်းစားနေပါတယ်။

မန်စီးတီးအသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းမှ ကွင်းလယ်ကစားသမား ရိုဒရီကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) ပေးကာ ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်လာပါတယ်။

မန်စီးတီး အသင်းမန်နေဂျာ ပက် ဂွာဒီယိုလာဟာ အသက် ၃၅ နှစ်အရွယ် အီဘာ ဂိုးသမား Asier Riesgo ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးစားလာပါတယ်။ ၄င်းက ပြီးခဲ့တဲ့ ရာသီ လာလီာဂါပွဲ ၁၄ ပွဲ ပွဲထွက်ကစားထားပါတယ်။

ဂျူဗင်တပ် ညာခြမ်း ခံစစ်မှူး ကန်ဆယ်လိုဟာ မန်စီးတီးအသင်းထံ ယူရို သန်း ၆၀ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိဖို့ အလွန်နီးစပ်နေပြီလို့ Goal သတင်းမှာ ဖော်ပြထားပြီး ပေါ်တူဂီသားဟာ ဒီနွေ မန်စီးတီးရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

ဆာနေးရဲ့ ဂျာမန်အသင်းဖာ် ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား ဂေါ်ရက်စ်ကာကတော့ ဆာနေး အသင်း ပြောင်းလာခြင်း မလာခြင်းက ဆာနေး ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပြီး နိုင်ငံအသင်းဖော်တစ်ဦးအနေနဲ့ တွန်းအားပေးမှုတွေ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးတွစ်တာအကောင့်မှာ လီဗာပူးနဲ့ပွဲ ဂိုးလိုင်းနည်းပညာနဲ့ ဖော်ပြထားတဲ့ ပုံကို Tweet ထားတဲ့ ပုံအား အသင်းဘက်က ပြန်ဖျက်သွားခဲ့ပါတယ်။

ဘိုင်ယန်အသင်းမှ ဂေါ်ရက်စကာက ဆာနေးအနေနဲ့ ဂျာမနီအသင်းထံ လာရောက် ပူးပေါင်းပါက အသင်းဟာ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းသွားပါမယ်ဆိုပြီး ဂျာမနီသားကို စည်းရုံးလိုက်ပါတယ်။