လီဗာပူးလူငယ် တောင်ပံတိုက်စစ်မှူး အိုဂျိုက လာမယ့်ဘောလုံးရာသီမှာ စတီဗင်ဂျရတ် နည်းပြနေတဲ့ ရိမ်းဂျားစ် အသင်းထံ အငှား သွားရောက် ကစားတော့မှာပါ။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားဟာ ပြီးခဲ့တဲ့ ရာသီက ပြင်သစ်ကလပ် Stade Reims မှာ သွားရောက် ကစား ခဲ့ပေမယ့် အံဝင်ဖို့ ရုန်းကန်ခဲ့ရပြီး လီဂူးဝမ်း ပွဲစဉ် ၃ ပွဲသာ ပွဲထွက် ကစားခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ အန်းဖီးကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဂိုးသမား ဆိုင်မွန် မင်ညိုလတ်နေရာ အစားထိုးဖို့ ဆောက်သမ်တန်အသင်းမှ အသက် ၂၉ နှစ်အရွယ် ဂိုးသမား အဲလက်စ် မက်ကာသီကို ခေါ်ယူရန် ပစ်မှတ်ထားလာပါတယ်။

လက်စတာကွင်းလယ် တိုက်စစ်သမား ဂျိမ်းစ် မက်ဒီဆင်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာ ကလပ်တွေ အပြင် စပါးနဲ့ လီဗာပူးအသင်းတို့ပါ ပါဝင်လာပါတယ်။

လီဗာပူးအသင်းဟာ အေဂျက်ခံစစ်မှူး ဒီလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုရင် ခြေလှမ်း ရုပ်သိမ်းသင့်ပြီ ဖြစ်ကြောင်းနဲ့ ဒီလစ်ဟာ တခြား အသင်းကို သွားဖို့ ရည်ရွယ်ရင်း ရှိပြီသားလို့ လီဗာပူးကစားသမားဟောင်းကြီး ဂျွန် အဲဒရစ်ခ်ျက သတိပေး စကား ဆိုလိုက်ပါတယ်။

လီဗာပူးနဲ့ သတင်းထွက်ထာတးတဲ့ တိုက်စစ်မှူး တီမိုဝါနာအတွက် ကမ်းလှမ်းမှုတွေ မရသေးဘူးလို့ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းက ထုတ်ပြောလာပါတယ်။ ၂၀၂၀ ဇွန်လမှာ စာချုပ်ကုန်မယ့် ဂျာမနီလက်ရွေးစင်ဟာ လိုက်ဇစ်နဲ့ သက်တမ်းတိုးဖို့ ငြင်းဆန်ထားလို့ သူ့ကို ရောင်းထုတ် ရဖို့ ရှိနေတာပါ။

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ရဲ့ ဖခင်ဖြစ်သူ ဘရိုင်ယန် ဟန်ဒါဆန်ကလာမယ့်ရာသီမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူပေးဖို့ သားဖြစ်သူကို အဖေများနေ့မှာ တောင်းဆိုခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်း ဖိလစ်ပီ ကော်တင်ညိုဟာ နူးကမ့်ကို ရောက်တည်းက စိတ်ကျေနပ်လောက်ဖွယ် ခြေစွမ်းပြသမှု မပြုလုပ်နိုင်သေးဘဲ ဒီနွေရာသီမှာ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ ဒါပေမယ့် စကိုင်းစပေါ့က သုံးသပ်ပြမှုမှာတော့ အသင်းဟောင်း လီဗာပူးကို လေးစားမှု မရှိသလိုမျိုး မဖြစ်စေဖို့ မန်ယူအသင်းထံတော့ ပြောင်းမှာ မဟုတ်ဘူးဆိုပြီး ဖြစ်ပါတယ်။