ဒီတပတ် မန်ချက်စတာ ဒါဘီ အပါအဝင် ပရီးမီးယားလိဂ် ပွဲကောင်းတွေအတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ သုံးသပ်ခန့်မှန်းချက်တွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။
Arsenal vs Everton
မာဆေးဆိုဒ်ဒါဘီ ပွဲရွှေ့သွားလို့ အဲဗာတန် ကစားသမားတွေ တစ်ပတ် အနားပို ရထားပါတယ်။ ဒါပေမယ့် အာဆင်နယ် အတွက် ဒါက ထူးခြား မသွားဘူးလို့ ကျွန်တော် ထင်တယ်။ ဒီပွဲ အာဆင်နယ် သက်တောင့်သက်သာနဲ့ အနိုင် ရသွားမယ် လို့ ထင်ပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ Arsenal 3-1 Everton
Liverpool vs Fulham
ဂျီနိုအာနဲ့ ပွဲတုန်းက လီဗာပူး ထူးပြီး မကောင်းနေပါဘူး။ ဒါပေမယ့် နိုင်သွားတယ်၊ ဒါပဲ အရေးကြီးတာပဲ။ ကျွန်တော့ အမြင်ကတော့ ဒီတပတ် ပွဲကလည်း လီဗာပူး အနိုင်ပဲ။ ဖူလ်ဟမ်က သူတို့ကို ဒုက္ခ များများ ပေးနိုင်မယ် မထင်ဘူး။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ Liverpool 3-1 Fulham
Man City vs Man United
ယူနိုက်တက်က သူတို့ မြန်နှုန်းနဲ့သာ စီးတီးကို ဒုက္ခပေးနိုင်ရင် ဒီပွဲမှာ နိုင်နိုင်ခြေရှိပါတယ်။ ခံစစ်မှာ အထိုင်ချပြီး ဂူအောင်းနေလို့တော့ မရဘူးပေါ့။ ဒါပေမယ့် အဆုံးမှာ စီးတီးပဲ အသာရသွားမယ် လို့ ကျွန်တော် ထင်ပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ Man City 2-1 Man United
Chelsea vs Brentford
ဘရန့်ဖို့ဒ်ဆိုတာ ချယ်ဆီးကို ဒုက္ခပေးနေကြ အသင်းပါ။ စတန်းဖို့ဘရစ်ချ်မှာ နောက်ဆုံး ကစားထားတဲ့ ၃ ပွဲ လုံး သူတို့ အနိုင် ကစားထားတာ မယုံနိုင်စရာပါပဲ။ လက်ရှိ ခြေစွမ်း အရတော့ ချယ်ဆီး မနိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ Chelsea 3-1 Brentford
အခြားပွဲစဉ်များအတွက် ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်များ
Wolves 2-1 Ipswich Town
Newcastle United 3-1 Leicester City
Nottingham Forest 1-1 Aston Villa
Brighton 2-1 Crystal Palace
Southampton 1-3 Tottenham Hotspur
Bournemouth 3-1 West Ham United