ဒီတပတ် ပရီးမီးယားလိဂ် ပွဲကောင်းတွေအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ရလဒ် ခန့်မှန်းတွေကို ဖော်ပြမှာ ဖြစ်ပါတယ်။

Arsenal vs Everton

ဂန်းနားတွေက ဒီရာသီမှာ လက်တွေ့ပိုကျလာတယ်။ တည်ကန်ဘောမှာ ပိုပြီး ထိရောက်လာတယ်။ အဲဗာတန်ပွဲမှာလည်း အာဆင်နယ်အသင်း ခြေချော်မယ် မမြင်ပါဘူး။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်။ ။ Arsenal 2-0 Everton

Liverpool vs Fulham

ဂျီနိုအာနဲ့ ပွဲတုန်းက လီဗာပူး အရမ်း မကောင်းနေပါဘူး။ ဒီပွဲမှာ ပထမဂိုးရဖို့က အရေးပါလာလိမ့်မယ်။ ဒါပေမယ့် လီဗာပူးပဲ သက်သက်သာသာ အနိုင်ရသွားမယ် ထင်ပါတယ်။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်။ ။ Liverpool 3-0 Fulham

Man City vs Man United

အခြေခံအားဖြင့် နှစ်စင်းလုံး အခြေအနေ ဆိုးနေတာပါ။ ဒီတော့ ဘယ်အသင်းဘက်ကို နေရမလဲ? ဒီနှစ်တွေအတွင်း မန်ချက်စတာဒါဘီမှာ မန်စီးတီးဘက်ပဲ ကျနော် နေလေ့ရှိပါတယ်။ ဒီပွဲမှာလည်း အိမ်ကွင်းမှာ စီးတီးတို့ နိုင်သွားမယ် ထင်ပါတယ်။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်။ ။ Man City 3-1 Man United

Chelsea vs Brentford

ကျနော်ကတော့ ချယ်ဆီး အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ စပါးပွဲမှာ ကစားခဲ့တဲ့ ပုံစံတွေအရ မာရက်စ်ကာ ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ ချယ်ဆီးက ဖလားစိန်ခေါ်နိုင်မယ့်အသင်း ဖြစ်လာနေပါတယ်။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်။ ။ Chelsea 2-1 Brentford

အခြားပွဲစဉ်များအတွက် ဆက်တန်ရဲ့ ခန့်မှန်းရလဒ်များ

Wolves 2-1 Ipswich Town
Newcastle United 3-0 Leicester City
Nottingham Forest 1-1 Aston Villa
Brighton 1-1 Crystal Palace
Southampton 1-2 Tottenham Hotspur
Bournemouth 2-1 West Ham United