တရုတ်နိုင်ငံ၌ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး နောက်ငါးနှစ်အကြာတွင် ယခုအခါ ဗိုင်းရပ်စ်အသစ်တစ်မျိုး ထပ်မံပျံ့ပွားလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ရောဂါရှာဖွေရေးနှင့်ထိန်းချုပ်ရေးဌာနကမူ ၎င်းတို့အနေဖြင့် အတည်မပြုနိုင်သေးဘဲ ဆောင်းရာသီတွင်အဖြစ်များသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်လည်း တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်နေသည်ဟု
ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
အဆိုပါဗိုင်းရပ်စ်ရောဂါသည် Human metapneumovirus (HMPV) အမည်ရှိသော ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းရောဂါသည် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိကာ ဆေးရုံများတွင် လူနာများပြည့်နှက်နေသည်။
အဆိုပါရောဂါကြောင့် ဆေးရုံများတွင် လူများပြည့်နေသည့် သတင်းများနှင့် အွန်လိုင်းဗီဒီယိုများလည်းပျံ့နှံ့လျက်ရှိကာ အာဏာပိုင်များက အဆိုပါရောဂါအား အတည်မပြုထားသေးသော်လည်း နိုင်ငံတွင်း အရေးပေါ်အခြေအနေတော့ ကြေငြာထားကြောင်း သိရသည်။
HMPV သည် တုပ်ကွေးဆန်သော လက္ခဏာများရှိပြီး အချို့လက္ခဏာများသည် ကိုဗစ်နှင့်ဆင်တူကြောင်းသိရသည်။ တရုတ်နိုင်ငံ၌ လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက အခြေအနေကို သေချာစောင့်ကြည့် ကိုင်တွယ်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။