မနက်ဖြန် ဇန်နဝါရီလ ၅ ရက်နေ့က စတင်ပြီး ရန်ကုန်မှာ ဓာတ်အားပေးအုပ်စု (၃)ခု ခွဲတော့မှာဖြစ်ကာ (၄)နာရီလာပြီး (၈)နာရီ အလှည့်ကျဝန်အား‌လျော့မည်ဟု သိရပါသည်။

A, B, C အုပ်စု သုံးခုအနက် ဘယ်အုပ်စုထဲပါသလဲ မှတ်လို့ရမယ့် နည်းလမ်းကတော့ မနက်ဖြန် (5.1.2025)ရက်မှာ
05:00 – 09:00 နာရီ မီးရရင် အုပ်စု (A)ပါ။
09:00 – 13:00 နာရီ မီးရရင် အုပ်စု (B)ပါ။
13:08 – 17:00 နာရီ မီးရရင် အုပ်စု (C)ပါ။

တို့ဖြစ်ပါတယ်။ အဲ့ဒီကနေ ရှစ်နာရီကြာပြီးမှ ဓာတ်အားပြန်ရပါ့မည်။

လျှပ်စစ်ဌာနနဲ့ နီးစပ်သူတွေရဲ့ အကြုံပြုချက်ကတော့ မနက်ဖြန်ကစပြီး မီးလာတာနဲ့ မီးဆွဲအားများတဲ့ လျှပ်စစ်ပစ္စည်းတွေကို စုပြုံမသုံးဖို့နဲ့ မီးအားမနိုင်ရင် အဆိုပါလိုင်းကို မီးလျော့ပေးတာမျိုး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

လျှပ်စစ်ဌာနနဲ့ နီးစပ်တဲ့ ခွဲမှူးတစ်ဦးကတော့ ” စေတနာနှင့် အကြံပြုပါရစေ။ မီးလာလာချင်း စုပြုံမသုံးကြပါနဲ့။ Feeder Over Load၊ Tr Over Loadနဲ့ ဘယ်လိုမှ မီးပေးလို့ မရနိုင်သလို ဘယ်လိုမှ မီးသုံးလို့ မရနိုင်ပါဘူး။

ဒီထက်အခြေအနေ ဆိုးရင် ထရန်စဖော်မာလောင်ဖို့ပဲ ရှိပါတယ်။ အစားထိုးဖို့ အခက်အခဲရှိရင် ရက်နဲ့ချီပြီး မီးမရတာဖြစ်နိုင်ပါတယ်။ ထပ်ပြောပါရစေ။ မီးလာလာခြင်း စုပြုံသုံးခြင်း ရှောင်ပေးပါ။ ” လို့ သတိပေးလာတာမျိုး ရှိနေပါတယ်။