မန်ယူ ခံစစ်သမား ဒါလော့က ကလပ်အသင်းက ညာအစွန်နေရာ လူသစ်ရှာနေပေမယ့် နောက်ဘောလုံးရာသီမှာ အသင်း ညာခြမ်းခံစစ်နေရာမှာ ၄င်းက ဦးစားပေး နေရာယူဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ ချီလီအတွက် တစ်ပွဲကစားပေးပြီး ကိုယ်တိုင် တစ်ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု တစ်ကြိမ် ပြုလုပ်နိုင်တဲ့နောက် ဆန်းချက်အား ကလပ်အသင်း မှတ်တမ်းတွေနဲ့ နှိုင်းယှဉ် ဖော်ပြနေကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်း ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ယခုထိ သဘောတူညီမှု မရရှိသေးပေမယ့် တဖြည်းဖြည်း ညှိနှိုင်းလို့ အဆင်ပြေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်လာလိမ့်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

မန်ယူဘက်က နယူးကာဆယ် ကွင်းလယ်လူ လောင်းစတပ်ကို ခေါ်ယူလိုနေတာက မှန်ကန်ပါတယ်။ ဒါပေမယ့်လို့ ကွင်းလယ်အတွက် ဦးစားပေး မဟုတ်ပဲ သက်မှတ်ထားတဲ့ ဦးစားပေး ကစားသမားတွေ မခေါ်နိုင်မှပဲ ကမ်းလှမ်းမှု ပြုလုပ်မှာဖြစ်ပါတယ်။

မန်ယူဘက်က ကွင်းလယ်လူ မာတာကို စာချုပ်ဆက်ချုပ်ဖို့က သေချာသလောက် ရှိနေပြီးဖြစ်ပြီး ကလပ်အသင်း တွစ်တာအကောင့်ကနေပြီး မာတာရဲ့ ဘောလုံးစကေးကို ဗီဒီယို အတိုလေး တင်ပြီး ကစားသမားကို ချီးကျူးမှု လုပ်ခဲ့ပါတယ်။ မန်ယူဘက်က တစ်နှစ် သက်တမ်းတိုးလိုပြီး မာတာဘက်က အနည်းဆုံး နှစ်နှစ် စာချုပ် သက်တမ်းတိုးလိုနေပါတယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဌဟောင်း ကာဒီယွန်းက ပေါ့ဘာကို ခေါ်ယူခြင်းဟာ လာလီဂါကလပ်ကို အများကြီး စွန့်စားရာ ကျစေမယ့် အကြောင်းနဲ့ နည်းပြနဲ့ အသင်းဖော်တွေကို ပြသနာတွေ ဖြစ်စေမယ့်သူလို့ ဝေဖန်ခဲ့ပါတယ်။

အက်စတွန်ဗီလာဟာ မန်ယူအသင်း လူငယ်ခံစစ်သမား တွမ်ဇီဘီကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု စတင်ဖို့ ရှိနေပါတယ်။ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးဟာ အက်စတွန်ဗီလာမှာ အတော်လေး တောက်ပနေသူ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် တောင်ပံသမား ဘေလ်းဟာ ဒီရာသီမှာ စပိန်မြေမှာပဲ ဆက်ရှိနေမှာ သေချာခဲ့ပါပြီ။ ဒါကြောင့် ပေါ့ဘာအတွက် ဘေလ်းနဲ့ လဲမယ့် အစီအစဉ်ကော၊ မန်ယူဘက်က ခေါ်ယူမယ်ဆိုတဲ့ အစီအစဉ်တွေပါ ဆက်ရန် မရှိတော့ပါဘူး။

မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ လူငယ်လေး ဝီဆန်ကတော့ ကလပ်အသင်းမှာ ရှိနေခွင့်ရခဲ့တဲ့ ၁၅ နှစ်သာအတွက် ကျေးဇူးတင်ကြောင်းနဲ့ အမြဲတမ်း အမှတ်ရနေပါမယ့်လို့ အင်စတာဂရမ်ကနေ နုတ်ဆက်လိုက်ပါတယ်။

ဖေဖော်ဝါရီလတုန်းက မန်ယူနဲ့ ကာလရှည် သက်တမ်းတိုးထားတဲ့ ခံစစ်သမား ဖီးဂျုံးဟာ ကလပ်အသင်း အနာဂတ်မှာ ဆက်ရှိဖို့ မသေချာတော့ပါဘူး။ မန်ယူဟာ ဝက်ဟမ်းနဲ့ အပြောင်းအရွှေ့ဆိုင်ရာ သဘောတူညီမှုမှာ ခံစစ်သမားကို ပေးပို့လိုနေပါတယ်။