မန်ယူအသင်း တာဝန်ရှိသူတွေဟာ လက်စတာခံစစ်မှူး မက်ဂွဲရားကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၈၀-၉၀ သန်းဆိုတဲ့ ပမာဏကို တောင်းဆိုခံထားရပါတယ်။

မန်ယူဟာ နွေအပြောင်းအရွှေ့မှာ ခံစစ်အားဖြည့်ဖို့ ဦးစားပေးတွေအဖြစ် နာပိုလီမှ ကူလီဘာလီနဲ့ လက်စတာမှ မက်ဂွဲရားတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပေါင် သန်း ၁၀၀ နဲ့ ပေါင် သန်း ၈၀ တောင်းဆိုခံရမှုတွေ ရှိခဲ့သလို ဒီလစ်အတွက်လည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေး လုပ်ခလစာ တောင်းဆိုခံခဲ့ရတာဖြစ်ပါတယ်။

ကလပ်အသင်း တာဝန်ရှိသူတွေက ခံစစ်သမားသစ် ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လက်စတာရဲ့ မက်ဂွဲရားက ဦးစားပေးထဲ ပါဝင်နေတာပါ။ လက်စတာရဲ့ တောင်းဈေးက အရမ်းကို မြင့်မားပြီး ပေါင် ၈၀ သန်းကနေ ပေါင် ၉၀ သန်းထိ တောင်းဆိုခြင်းကြောင့် ကလပ်တာဝန်ရှိသူတွေက ကမ်းလှမ်းမှုလုပ်ဖို့ စိတ်ပျက်နေခဲ့တာဖြစ်တယ်။

လက်စတာအသင်း ခံစစ်မှူး မက်ဂွဲရားကို ခေါ်ယူနိုင်ဖို့ ကလပ်အသင်းဘက်ကတော့ ဘရာဇီး ကွင်းလယ်လူ ပါရဲရားကို အလိုက်ပေးတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ကာ အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို တန်ဖိုးတစ်ခုထိ လျော့ချနိုင်ဖို့ ရည်ရွယ်လာပါတယ်။

အိုထရတ်ဖို့ဒ် ကစားသမားဘဝ ၃ ရာသီ ကျင်လည်ခဲ့ပြီဖြစ်တဲ့ ပါရဲရားဟာ ကလပ်အသင်းရဲ့ ဦးစားပေး ကစသမား မဟုတ်ခြင်းကြောင့် မန်ယူတာဝန်ယူရှိသူတွေက အထက်ကအတိုင်း ကြံရွယ်လာတာပါ။ ပရိသတ်တွေဘက်ကတော့ ပါရဲရားကို အလိုက်ပေးဖို့ အစီအစဉ်ကို ကန့်ကွက်နေကြဆဲဖြစ်ပါတယ်။