မန်ယူအသင်းဟာ ၄င်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်အသင်းထံမှ တိုက်စစ်သမား အူဘာမီးယန်းကို ပြောင်းရွှေ့ကြေး ကြေးကြီးပေးကာ ၀ယ်ယူရန် ပြင်ဆင်လာခဲ့ပါတယ်။ အူဘာမီးယန်းက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုပါ ရခဲ့ပြီး အာဆင်နယ် အားထားရတဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

အသက် ၃၀ ပြည့်သွားပြီ ဖြစ်တဲ့ အူဘာမီးယန်းဟာ အာဆင်နယ် အသင်းအတွက် ၆၅ ပွဲ ပါဝင်ကစားပြီး ၄၁ ဂိုးအထိ သွင်းယူ ထားနိုင် တာကြောင့် ဒီအပြောင်းအရွှေ့မှာ ရီးရဲလ်၊ အင်တာမီလန်နဲ့ တရုတ်စပါလိဂ်ကလပ်တွေရဲ့ မျက်စိကျခြင်းကို ခံနေရတဲ့ ကစားသမားဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းကတော့ အူဘာမီးယန်းကို ရောင်းချဖို့ စိတ်ကူးမရှိပဲ ၄င်းနဲ့ လာကာဇက်တီကို လုပ်ခလစာ တိုးမြှင့်ပေးကာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် စီစဉ်နေပါတယ်။

တိုက်စစ်မှူး လူကာကူကို ရောင်းထုတ်ရဖို့ များနေတာကြောင့် မန်ယူအသင်း တာဝန်ရှိသူတွေက ပရီးမီးယားလိဂ်မှ ရှိရင်းစွဲ ခြေစွမ်းထက် တိုက်စစ်သမားကို ခေါ်ယူဖို့ မျှားဦးလှည့်လာခဲ့တာပါ။ ဒီသတင်းကို TalkSport က ထိပ်တန်း သတင်းထောက် တစ်ဦးက ဖော်ထုတ်လိုက်တာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ နဲ့ စတင်ကမ်းလှမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

” မန်ယူအသင်း အတွင်းပိုင်းထဲက လူတချို့နဲ့ ကျနော် စကားပြောဖြစ်တယ်.. သူတို့က အူဘာမီးယန်းကို ခေါ်ယူဖို့ ကြံရွယ်နေတယ်ပေါ့။ အူဘာကို ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းမယ်လို့လည်း ပြောပြခဲ့တယ်။” လို့ ၄င်းက ဆိုပါတယ်။

TalkSport သတင်းထောက် ဂိုးဒ်စတိန်းကတော့ သူ့ရဲ သတင်းအရင်းအမြစ်ဟာ ခိုင်မာမှုရှိပြီး သူ့ရဲ့ သတင်းပေး မန်ယူအတွင်းလူဆီကရတဲ့ သတင်းတွေဟာ ၇၅% ဟာ မှန်လေ့ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ထိုသူက မန်ယူထံ အန်တိုနီ မာရှယ်တစ်ယောက် ပြောင်းရွှေ့ လာမယ် ဆိုတာကို ဖွင့်ဟခဲ့သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မန်ယူအသင်းဟာ ဗန်ပါစီ အပါအ၀င် ယခင်တည်းကလည်း အာဆင်နယ် ထိပ်တန်း တိုက်စစ်မှူးတွေကို အရခေါ်ယူဖူးပြီး ၂၀၁၈ တုန်းကလည်း အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ ဆန်းချက်ကို ခေါ်ယူထားပါတယ်။