လီဗာပူးကစားသမားတွေနဲ့ ပတ်သတ်ရာတွေကို Follow လုပ်လို့ ပွဲဆူသွားပြီးနောက် အမ်ဘတ်ပီက သူတို့ကို ကိုယ်ပိုင် အကြောင်း အရင်းတွေကြောင့် Follow လုပ်ထားခဲ့တာဖြစ်ပေမယ့် Instagram’s algorithm အရ အခုမှ Follow လုပ်ထားသလို ထိပ်ဆုံးမှာ ဆက်တိုက် သွားပေါ်နေတာဖြစ်တယ်လို့ Echo က ရှင်းလင်းခဲ့ပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ ကလပ်အသင်းနဲ့ အတူ ခြေစွမ်းပြသခဲ့ပေမယ့် နယ်သာလန်အသင်း မန်နေဂျာဟောင်း ဂူလစ် ကတော့ ဗန်ဒိုက် တိုးတက်ဖို့ လိုနေသေးကြောင်းနဲ့ ဘလွန်းဒီအော ဆုကို ရရှိလိုပါက ဒိထက် အားထုတ်ရဦးမယ်လို့ သတိပေးစကား ဆိုလိုက်ပါတယ်။

စပိန်ဘက်က သတင်းများအရ ကော်တင်ညိုဟာ ဘာစီလိုနာက ထွက်ခွာချင်နေပေမယ့်လည်း အသင်းဟောင်း လီဗာပူးနဲ့ ဆက်နွယ်မှုများကြောင့် မန်ချက်စတာယူနိုက်တက်ကိုတော့ ရွေးချယ်မှာ မဟုတ်ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ အပါအ၀င် ကလပ်အသင်း တော်တော်များများ ချိတ်ဆက်နေတဲ့ ဘင်ဖီကာ တောင်ပံ တိုက်စစ် သမား ဂျိုအာ ဖိလစ်ကို မက်ဒရစ်မြို့က စားသောက်ဆိုင် တစ်ဆိုင်မှာ တွေ့ရကြောင်း သတင်းတွေ ထွက်လာ ပါတယ်။ ၄င်းကို အက်သလက်တီကို မက်ဒရစ်ကလည်း ခေါ်ယူဖို့ ချိတ်ဆက်ထားပါတယ်။

အီတလီဘက်က သတင်းများအရ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ရာဘီရော့ဟာ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ လီဗာပူးနဲ့ သတင်းထွက်ထားဖူးတဲ့ ရာဘီရော့ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မှာပါ။

စကော့တလန်ကလပ် ရိန်းဂျားအသင်း မန်နေဂျာဖြစ်သူ စတီဗင်ဂျရတ်ကို ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းက မန်နေဂျာ အဖြစ် ကမ်းလှမ်းမှု ပြုလုပ်ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာ အသီးသီး ဗိုလ်စွဲခဲ့တဲ့ လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့ဟာ စူပါကပ် ဖလားလုပွဲ အဖြစ် သြဂုတ်လထဲ အစ္စဘူလ်မှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ထိုပွဲ အတွက် နှစ်ဖက်အသင်း လက်မှတ်ခွဲတမ်းအဖြစ် တစ်သင်း လက်မှတ် အစောင် ၅၀၀၀ စီသာ ရရှိမယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့မှာ ခံစစ်ကို ပြုပြင်ဖို့ ဝက်ဟမ်းမှ ဒီအော့ကို ကမ်းလှမ်းမှုတွေ လုပ်ခဲ့ချိန်မှာ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ ဗန်ဒိုက်နဲ့ တစ်တန်းတည်းရှိမယ့် ပေါင် ၇၅ သန်းပေးမှ ဒီအော့ကို ပြန်လာကမ်းလှမ်းဖို့ တောင်းဆိုလိုက်ကြောင်း သိရပါတယ်။