ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာ အသီးသီး ဗိုလ်စွဲခဲ့တဲ့ လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့ဟာ စူပါကပ် ဖလားလုပွဲ အဖြစ် သြဂုတ်လထဲ အစ္စဘူလ် မှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ထိုပွဲ အတွက် နှစ်ဖက်အသင်း လက်မှတ်ခွဲတမ်းအဖြစ် တစ်သင်း လက်မှတ် အစောင် ၅၀၀၀ စီသာ ရရှိမယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ တိုက်စစ်သမား ၀ီလီယံအတွက် အက်သလက်တီကိုနဲ့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပေမယ့် ဘရာဇီးသားနဲ့ သက်တမ်းတိုး စာချုပ်သဘောတူညီမှု ရဖို့ အခက်တွေ့နေပါတယ်။

လက်ရှိ သက်တမ်း တစ်နှစ်သာ ကျန်တဲ့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်သမား ၀ီလီယံက အနည်းဆုံး လူးဝစ်ကို ကမ်းလှမ်းခဲ့သလို ၂ နှစ် သက်တမ်းတိုးလိုနေပေမယ့် ချယ်ဆီးဘက်က ပေါ်လစီအရ ချိန်ဆနေဆဲ ဖြစ်ပါတယ်။

ချယ်ဆီး ကစားသမားဟောင်း တိုနီ ကက်စကာရီနိုက မန်ယူအသင်းကို ချယ်ဆီးအသင်း ကွင်းလယ်ကစားသမား ကန်တေအား ခေါ်ယူသင့်ကြောင်း အကြံပြု စကားဆိုလိုက်ပါတယ်။

ချယ်ဆီး ကစားသမားဟောင်းကြီး မက်ခီလီလီက စတန်းဖို့ ဘရစ်ခ်ျသို့ ပြန်လာခဲ့ပြီဖြစ်ပြီး အငှားထွက် ကစားနေတဲ့ ကစားသမားများကို စီမံခန့်ခွဲဖို့ တာဝန်ယူပြီး နည်းပြအဖွဲ့ထဲ ပါဝင်လာတော့မှာပါ။ အသက် ၄၆ နှစ်အရွယ် ကစားသမားဟောင်းကြီးဟာ သူ နည်းပြနေတဲ့ ဘယ်လ်ဂျီယံ ကလပ် KAS Eupen ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကပဲ နှုတ်ဆက် ထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။ ၄င်း အရင် ဂိုးသမား ပီတာချက်ကလည်း လာရောက် ပူးပေါင်းထားပြီး ဖြစ်ပါတယ်။

ချယ်ဆီးဟာ အငှားချထားတဲ့ ကစားသမား အများအပြားကို ပြန်ခေါ်ကာ အသုံးပြုဖို့ ရှိနေပေမယ့် ကံမကောင်းတာကတော့ ကစားသမား အများအပြားဟာ ယူအီးအက်ဖ်အေရဲ့ ‘home-grown’ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ ပြဿနာကို ရင်ဆိုင်နေရပါသေးတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဥရောပ စံချိန်စံညွှန်းနဲ့ ကိုက်ညီခြင်း မရှိခဲ့ရင်တော့ လူစာရင်းတင်ရမယ့် ၂၅ ဦးအစား လူလျော့ခံရမယ့် ပြစ်ဒဏ်ကို ရင်ဆိုင်နေရတယ်။