ကိုယ္ေစာင့္နတ္ ရုပ္ရွင္ ဇာတ္ကားဟာ ေက်ာ္သူ၊ ရန္ေအာင္၊ ရဲေအာင္၊ ထြန္းထြန္း၊ ထူးေအာင္၊ ဆန္းထြဋ္၊ ေအာင္ရဲေထြး၊ သုတေဇာ္၊ မ်ဳိးေဇာ္၊ ခင္၀င့္၀ါႏွင့္ အျခား သ႐ုပ္ေဆာင္ မ်ားစြာ ပါဝင္ထားျပီး ဒီဇင္ဘာ ၂၈ ရက္မွာ ရံုတင္မွာပါ။

ရုပ္ရွင္အတြက္ ပိုစတာကို မၾကာေသးခင္က စတင္ ထုတ္ျပခဲ့ျပီး ပရိသတ္မ်ား၏ ေ၀ဖန္မႈေတြလည္း ရရွိထားပါတယ္။ အဆုိပါ ဇာတ္ကားမွာ ပါ၀င္ထားသည့္ အဆုိေတာ္ သ႐ုပ္ေဆာင္ လႊမ္းပုိင္က ေ၀ဖန္မႈမ်ားအေပၚ ယခုလုိ ေျပာပါတယ္။

‘‘ ပုိစတာမွာ ကြၽန္ေတာ္ တို႔ သုံးတာက ေနာက္မွာ ေက်ာက္သင္ပုန္း ပါတယ္။ ေျမျဖဴနဲ႔ ေက်ာက္သင္ပုန္းမွာ ေလွ်ာက္ေရးတဲ့ ဒီဇုိင္းေလးေပါ့။ ဒါက ေက်ာင္းသားကား မို႔လို႔ သုံးတာပါ။ ဒါ မသုံးရင္ ကြၽန္ေတာ္ တုိ႔ ေလာ္ကာသုံးရမယ္။ ေလာ္ကာသုံးရင္လည္း ကြၽန္ေတာ္ တို႔ကို ေျပာမွာပဲ။ ေလာ္ကာ နဲ႔ ကားေတြလည္း တစ္သိန္း ေလာက္ရွိတယ္။ အမ်ားႀကီးပဲ။ ဒီဟာက ေက်ာင္းသားကားျဖစ္တဲ့ အတြက္ ဒီဖရိန္ျဖစ္သြားတာေပါ့။ အဲဒါေလးပဲ ကြၽန္ေတာ္ က ေျပာခ်င္ပါတယ္ ’’ ဟု လႊမ္းပိုင္က ေျပာသည္။

‘‘ ကိုယ္ေစာင့္နတ္ကို တခ်ဳိ႕ေတြက ပိုစတာနဲ႔ ပတ္သက္ၿပီး ဟိုကားနဲ႔ တူတယ္၊ ဒီကားနဲ႔ တူတယ္ ဆိုၿပီး ဇာတ္လမ္းေတြလည္း ေလွ်ာက္ေရးၾကတယ္။ ဒါမ်ဳိး ျဖစ္ လာမယ္ေပါ့။ အဲဒါေတြ အားလုံးက အမွားေတြခ်ည္းပါပဲ။ စိတ္၀င္စားၿပီး ေလွ်ာက္ေရးၾကတဲ့အတြက္လည္း ေက်းဇူးတင္တယ္။ တခ်ဳိ႕ဟာေတြက်ေတာ့လည္း တုိက္ခိုက္တာ ရွိတယ္။ ဒါေပမဲ့ ဘာပဲေျပာေျပာ ဒီကားကုိ အာ႐ုံစိုက္ေပးတဲ့အတြက္ ေက်းဇူးတင္တယ္ ’’ ဟု လႊမ္းပိုင္က ဆက္ေျပာသည္။

ပိုစတာကို ၾကည့္၍ ဇာတ္လမ္း ခန္႔မွန္းသည့္အေပၚ အခ်ဳိ႕ ပရိသတ္မ်ားက အေပ်ာ္သေဘာျဖင့္ ေရးေသာ္လည္း အခ်ဳိ႕က ဖ်က္လိုဖ်က္ဆီးသေဘာျဖင့္ ေရးျခင္းျဖစ္ေၾကာင္း လႊမ္းပိုင္ က ေျပာသည္။ ယင္း ဇာတ္ကားကို လြန္ခဲ့သည့္ ၂ ႏွစ္ခဲြခန္႔က လူငယ္ ပရိသတ္မ်ားစြာႏွင့္ တဲြဖက္႐ုိ္က္ကူး ထားေသာေၾကာင့္ ေပ်ာ္စရာေကာင္းသည္ဟုလည္း လႊမ္းပိုင္က ဆုိသည္။

ကိုယ္ေစာင့္နတ္ ဇာတ္ကား အမည္ျဖင့္ လက္ရွိတြင္ ေက်ာ္ၾကားေနသည့္ အဆုိေတာ္ ဖုိးျပည့္၏ ကိုယ္ေစာင့္နတ္ သီခ်င္းႏွင့္ နာမည္ခ်င္း တူေနျခင္းသည္ တုိက္ဆိုင္မႈသာ ျဖစ္သည္ဟု လႊမ္းပိုင္က ဆက္လက္ ရွင္းျပခဲ့ပါသည္။

UNICODE

ကိုယ်စောင့်နတ် ရုပ်ရှင် ဇာတ်ကားဟာ ကျော်သူ၊ ရန်အောင်၊ ရဲအောင်၊ ထွန်းထွန်း၊ ထူးအောင်၊ ဆန်းထွဋ်၊ အောင်ရဲထွေး၊ သုတဇော်၊ မျိုးဇော်၊ ခင်ဝင့်ဝါနှင့် အခြား သရုပ်ဆောင် များစွာ ပါဝင်ထားပြီး ဒီဇင်ဘာ ၂၈ ရက်မှာ ရုံတင်မှာပါ။

ရုပ်ရှင်အတွက် ပိုစတာကို မကြာသေးခင်က စတင် ထုတ်ပြခဲ့ပြီး ပရိသတ်များ၏ ဝေဖန်မှုတွေလည်း ရရှိထားပါတယ်။ အဆိုပါ ဇာတ်ကားမှာ ပါဝင်ထားသည့် အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်က ဝေဖန်မှုများအပေါ် ယခုလို ပြောပါတယ်။

‘‘ ပိုစတာမှာ ကျွန်တော် တို့ သုံးတာက နောက်မှာ ကျောက်သင်ပုန်း ပါတယ်။ မြေဖြူနဲ့ ကျောက်သင်ပုန်းမှာ လျှောက်ရေးတဲ့ ဒီဇိုင်းလေးပေါ့။ ဒါက ကျောင်းသားကား မို့လို့ သုံးတာပါ။ ဒါ မသုံးရင် ကျွန်တော် တို့ လော်ကာသုံးရမယ်။ လော်ကာသုံးရင်လည်း ကျွန်တော် တို့ကို ပြောမှာပဲ။ လော်ကာ နဲ့ ကားတွေလည်း တစ်သိန်း လောက်ရှိတယ်။ အများကြီးပဲ။ ဒီဟာက ကျောင်းသားကားဖြစ်တဲ့ အတွက် ဒီဖရိန်ဖြစ်သွားတာပေါ့။ အဲဒါလေးပဲ ကျွန်တော် က ပြောချင်ပါတယ် ’’ ဟု လွှမ်းပိုင်က ပြောသည်။

‘‘ ကိုယ်စောင့်နတ်ကို တချို့တွေက ပိုစတာနဲ့ ပတ်သက်ပြီး ဟိုကားနဲ့ တူတယ်၊ ဒီကားနဲ့ တူတယ် ဆိုပြီး ဇာတ်လမ်းတွေလည်း လျှောက်ရေးကြတယ်။ ဒါမျိုး ဖြစ် လာမယ်ပေါ့။ အဲဒါတွေ အားလုံးက အမှားတွေချည်းပါပဲ။ စိတ်ဝင်စားပြီး လျှောက်ရေးကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ တချို့ဟာတွေကျတော့လည်း တိုက်ခိုက်တာ ရှိတယ်။ ဒါပေမဲ့ ဘာပဲပြောပြော ဒီကားကို အာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်တယ် ’’ ဟု လွှမ်းပိုင်က ဆက်ပြောသည်။

ပိုစတာကို ကြည့်၍ ဇာတ်လမ်း ခန့်မှန်းသည့်အပေါ် အချို့ ပရိသတ်များက အပျော်သဘောဖြင့် ရေးသော်လည်း အချို့က ဖျက်လိုဖျက်ဆီးသဘောဖြင့် ရေးခြင်းဖြစ်ကြောင်း လွှမ်းပိုင် က ပြောသည်။ ယင်း ဇာတ်ကားကို လွန်ခဲ့သည့် ၂ နှစ်ခွဲခန့်က လူငယ် ပရိသတ်များစွာနှင့် တွဲဖက်ရိုက်ကူး ထားသောကြောင့် ပျော်စရာကောင်းသည်ဟုလည်း လွှမ်းပိုင်က ဆိုသည်။

ကိုယ်စောင့်နတ် ဇာတ်ကား အမည်ဖြင့် လက်ရှိတွင် ကျော်ကြားနေသည့် အဆိုတော် ဖိုးပြည့်၏ ကိုယ်စောင့်နတ် သီချင်းနှင့် နာမည်ချင်း တူနေခြင်းသည် တိုက်ဆိုင်မှုသာ ဖြစ်သည်ဟု လွှမ်းပိုင်က ဆက်လက် ရှင်းပြခဲ့ပါသည်။