မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှ ညာအစွန်လူ ဘစ်ဆာကာကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီလို့ Goal သတင်းက ဖော်ပြလာမှုအရ သိရပါတယ်။

န်ယူအသင်းဟာ နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ ညာအစွန်နေရာကို အင်အားဖြည့်ဖို့ရာ ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံကစားသမား ဘစ်ဆာကာကို ခေါ်ယူဖို့ စီစဉ်ခဲ့တာပါ။ အသက် ၂၁ နှစ်အရွယ် အင်္ဂလန် ယူ ၂၁ လက်ရွေးစင်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ သဘောတူညီမှု ရခဲ့တာဖြစ်တယ်။

မန်ယူဟာ ပထမအကြိမ် ပေါင် ၃၅ သန်း ဒုတိယအကြိမ် ပေါင် သန်း ၅၀ တို့ကို ကမ်းလှမ်းချိန်မှာ ပယ်ချခံခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ပေါင် ၅၅ သန်းနဲ့ သဘောတူညီမှု ရခဲ့တာဖြစ်တယ်။ ဒါဟာ မန်စီးတီးက ဘယ်အစွန်လူ မန်ဒီကို ခေါ်ယူစဉ် ပေးချေခဲ့ရတဲ့ အစွန်သမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေးကို ကျော်ဖြတ်သွားခဲ့ပါတယ်။

ဘစ်ဆာကာဟာ မနှစ်က ဘောလုံးရာသီမှာတော့ ပဲလေ့စ်အသင်းအတွက် ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၃၅ ပွဲ ကစားထားရတယ်။ သူဟာ ဂိုးထောက်ပံ့မှု ၄ ကြိမ်လည်း ပြုလုပ်ထားပါတယ်။ သူဟာ အသင်းခေါင်းဆောင်ဟောင်း ဗလန်စီယာရဲ့ ညာအစွန်နေရာကို ဒါလော့နဲ့ အပြိုင် ကြိုးစားရမှာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ခံစစ်မှာ ပြိုင်ဘက်အသင်းတွေထက် အားနည်းနေတာကို ဆိုးရှားက ပြုပြင်ဖို့ အလိုရှိနေတယ်။ မန်နေဂျာဆိုးရှားဟာ ဆွမ်ဆီးအသင်းမှ ဂျိမ်းပြီးနောက် ဒုတိယမြောက် ခေါ်ယူမှုအဖြစ် ဘစ်ဆာကာကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။