မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ ၂-၂ သရေကျတဲ့ပွဲမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ကွင်းလယ်လူ မာတစ်က ရရှိသွားပါတယ်။ သရဲနီဖန်းတွေကတော့ ဒါက မှန်ကန်တဲ့ ရွေးချယ်မှုလို့ မယူဆပါဘူး။ အချို့က ငါတို့ပွဲများ မှားကြည့်နေကြသလား? နဲ့ ဘယ်လိုတောင် ဟာလမျိုးလဲ? ဆိုပြီး တွစ်တာမှာ အရွှင်ဖောက်နေကြပါတယ်။

ယူနိုက်တက်မန်နေဂျာ မော်ရင်ညိုက ဂန်းနားတို့နဲ့ပွဲမှာ ရပ်ဖိုဒ့်၊ မာရှယ်၊ လင်ဂတ်တို့ရဲ့ ခြေစွမ်းဟာ ကောင်းမွန်မှုရှိတယ်လို့ ချီးကျူးပြောဆိုပါတယ်။ ဂန်းနားတို့ဘက်က နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးတွေ သွင်းခဲ့ပေမယ့် မာရှယ်နဲ့ လင်ဂတ်တို့က ခြေပဂိုးတွေ ပြန်သွင်းပေးခဲ့ကြတာပါ။

ယူနိုက်တက် အသင်းရဲ့ မသန်စွမ်း ပရိသတ်တွေ ကတော့ အိုးထရက်ဖို့မှာ သူတို့အတွက် မီးရှူးမီးပန်းတွေကနေ ကာကွယ်ပေးမယ့် ပိုက်တွေ တပ်ဆင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အဝေးကို လိုက်လံ အားပေးတဲ့ ပရိသတ်တွေဟာ မီးရှူးမီးပန်းတွေ ပစ်ဖေါက်တဲ့ အချိန်မျိုးဆိုရင် သူတို့ အတွက် အန္တရာယ် များလွန်းလို့ အခုလို တောင်းဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ် ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂါလာတာစာရေးအသင်းရဲ့ ဗဟိုနောက်ခံလူ အိုဇန်ကာဘက်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ The Sun က ရေးသားခဲ့ပါတယ်။ အသက် (၁၈)နှစ်သာ ရှိသေးတဲ့ ကစားသမားလေးဟာ မေလကမှ ပရော်ဖက် ရှင်နယ်ကစားသမားဘ၀ကို စတင်ခဲ့တာဖြစ်ပြီး ရိုးမား၊ အင်တာမီလန်နဲ့ အခြားဥရောပအသင်းတွေကို ဆွဲဆောင်နိုင်ခဲ့သူပါ။ ကာဘက်ခ်အတွက် တူရကီကလပ်က ပေါင်သန်း ၂၀တန်ကြေး သတ်မှတ်ထားပါတယ်။

အာဆင်နယ်

အိုထရတ်ဖိုဒ့်ကို အဝေးကွင်းမှာ ရင်ဆိုင်ကစားတဲ့ပွဲမှာ ဂန်းနားတို့ သွင်းဂိုး ၂ ဂိုးရခဲ့ပါတယ်။ ဒါကြောင့် ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်းပွဲတိုင်းမှာ အနည်းဆုံး သွင်းဂိုး ၂ ဂိုး သွင်းနိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သွားပါပြီ။ ဒါပေမယ့်လို့ လိဂ်ပွဲ ၁၅ ပွဲ ပြီးဆုံးတဲ့အချိန်ထိ အာဆင်နယ်ဟာ ပထမပိုင်းရလဒ်တွေမှာ နိုင်ပွဲမရှိသေးပါဘူး။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီဟာ ဂလပ် ဘရု အသင်းရဲ့ အသက် 22 နှစ် အရွယ် ဘရာဇီး တိုက်စစ်မှုးလေး မော်ရင်ကို ဇန်န၀ါရီ ကာလမှာ ပြောင်းရွှေ့ကြေး ပေါင် 15 သန်း ၀န်းကျင်နဲ့ ကမ်းလှမ်းဖို့ စဉ်းစားလျှက် ရှိနေပါတယ်။ တစ်ဖက်မှာလဲ ဖီအိုရင်တီးနား နဲ့ ဗလင်စီယာ တို့က အဆိုပါ ကစားသမားလေးကို စောင့်ကြည့်မှုတွေ အပြိုင် ပြုလုပ်နေကြတာပါ။

အာဆင်နယ် အသင်းဟာ အသင်းရဲ့ တိုက်စစ်မှုး ၀ဲဘက်ကို စာချုပ်သက်တမ်း တိုးဖို့ ဆန္ဒမရှိတော့ တာကြောင့် ရာသီ အကုန်မှာ အသင်းကနေ ထွက်ခွင့် ပေးတော့မှာ ဖြစ်ပါတယ်။ ကစားသမားရဲ့ လက်ရှိ စာချုပ်ဟာ 2019 ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် သူ့ကို လိုချင်တဲ့ အသင်းတွေ အနေနဲ့ အလွတ်ကြေးနဲ့ ခေါ်ယူခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာ ကိုလာစီနက်ရဲ့ အမှားကြောင့် ယူနိုက်တက်ကို ချေပဂိုး ပေးလိုက်ရပေမယ့် ပွဲအပြီးမှာ အမ်မရီက ကစားသမားအပေါ် အပြစ်မတင်ကြောင်း ပြောကြားလိုက်ပါတယ်။ “ပွဲပြီးတော့ သူက ခေါင်းငိုက်စိုက်နဲ့ ထွက်လာတယ်။ ဒါမျိုးက ဖြစ်တတ်တယ်လို့ သူ့ကို နှစ်သိမ့်စကားပြောလိုက်ပါတယ်။” လို့ အမ်မရီက ဆိုပါတယ်။

အာဆင်နယ် အမှုဆောင်ချုပ် ဂါဇီဒစ် ကတော့ အေစီမီလန် အသင်းရဲ့ စီအီးအို ရာထူးကို တရားဝင် ရယူသွားခဲ့ပြီ ဖြစ်ပြီး 2020 ဇွန်လ အထိ စာချုပ် ချုပ်ဆို သွားခဲ့ ပါတယ်။

လီဗာပူး

လီဗာပူးက ဘန်လေကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခံစစ်သမား ဂိုးမက်စ်ဟာ ခြေချင်းဝတ်မှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒဏ်ရာကိုတော့ မနက်ဖြန်မှာ စကန်ဖတ် စစ်ဆေးမယ်လို့ သိရပါတယ်။ ဂိုးမက်ဇ် ရဲ့ ဒဏ်ရာဟာ အသေးစား ဒဏ်ရာမျိုးတော့ မဟုတ်လောက်ဘူးလို့ နည်းပြ ယာဂန် ကလော့ပ်က မှတ်ချက် ပေးသွားခဲ့ပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကတော့ အသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီး ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ ရှိတယ်လို့ ခံစားမှု ရနေကြောင်း ပြောကြားသွားပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းကို လာစဉ်တည်းက အောင်မြင်မှုတွေ အများကြီး ရဖို့ မျှော်မှန်းထားကာ အသင်းလိုက်အပြင် ၄င်းကအနေနဲ့လည်း အရည်အချင်း များစွာတိုးတက်လာဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဖာဘင်ဟို ကတော့ ပီအက်စ်ဂျီကို ပြောင်းရွှေ့မယ့် သတင်းတွေကို ပယ်ချလိုက်ပြီး သူ့အနေနဲ့ လီဗာပူးမှာပဲ ပျော်ရွှင်နေပြီ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

လီဗာပူးကစားသမား ချိန်ဘာလိန်က အသင်းဟောင်း အာဆင်နယ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာက ခက်ခဲခဲ့ကြောင်း ၀န်ခံသွားပြီး ဘောလုံးအတွက် ကိုယ့်ကိုယ်ကို ပိုကောင်းတဲ့အနေအထား ရဖို့အတွက် အသင်းပြောင်းဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူကုသမှု ခံယူနေရတဲ့ ချိန်ဘာလိန်က ပြန်ကောင်းမွန်လာရင် ကလော့ပ်ရဲ့ လူစာရင်းမှာ ပြန်လည်ပါဝင်လာအောင် ကြိုးပမ်းဖို့ စိတ်အားထက်သန်နေပါတယ်။

ချယ်ဆီး

ချယ်ဆီးက အဝေးကွင်းမှာ ဝုဗ်ကို သွားရောက် ယှဉ်ပြိုင်ကစားခဲ့ပြီး ၂-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ လန်ဒန်ကလပ်အတွက် သွင်းဂိုးကိုတော့ ကွင်းလယ်လူ လော့တပ်ချိစ်က သွင်းပေးခဲ့တာပါ။ သူဟာ ချယ်ဆီးအတွက် နောက်ဆုံး ယှဉ်ပြိုင်ပေးထားတဲ့ ၇ ပွဲမှာ ၆ ဂိုးထိ သွင်းယူထားသလို ၂၀၁၆ ခုနှစ် ဧပရယ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးအတွက် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ချဲဆီး အသင်းက ဘာစီလိုနာ အသင်းရဲ့ အသက် 24 နှစ် အရွယ် ကွင်းလယ် ကစားသမား ဒင်းနစ် ဆွာရက်ကို ခေါ်ယူဖို့ စိတ်ဝင် စားလျှက် ရှိနေပါတယ်။ တစ်ဖက်မှာ အေစီမီလန် ကလဲ ကစားသမားကို စောင့်ကြည့် လျှက် ရှိနေပြီး ၊ ကတ်တလန် ကလပ်ဖက် ကတော့ သူ့ရဲ့ အပြောင်းအရွှေ့အတွက် ယူရို 45 သန်း ၀န်းကျင်ခန့် အလိုရှိဖွယ် ရှိနေပါတယ်။

ချယ်ဆီးကစားသမား ဟာဇက်ဟာ ၂၀၁၈ အတွင်း သူရင်ဆိုင်ဖူးသမျှ ကစားသမားထဲ အကောင်းဆုံးဖြစ်တယ်လို့ ပီအက်စ်ဂျီစတား အမ်ဘတ်ပီက ၀န်ခံပြောကြားလိုက်ပါတယ်။ စပိန်သတင်းဌာနတွေကတော့ ဟာဇက်နဲ့ ရီးရဲမက်ဒရစ်ကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ ဖော်ပြပါတယ်။

စပါး

ပြီးခဲ့တဲ့သီတင်းပတ် မာဆေးဆိုက် ဒါဘီပွဲမှာ စပါးကင်းထောက် စေလွှတ်ခဲ့ကြောင်း ပိုချက်တီနိုက ၀န်ခံခဲ့ပြီး အဲဗာတန်အသင်းမှ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သား တိုက်စစ်မှူး လွတ်မန်းကို လေ့လာဖို့ ဖြစ်ကြောင်း သိရပါတယ်။ လွတ်မန်းက အင်္ဂလန်လူငယ်အသင်း လက်ရွေးစင်ဖြစ်ပေမယ့် နိုင်ဂျီးရီးယားအသင်းအတွက်လည်း ကစားခွင့် ရှိနေသေးသူပါ။

တော်တင်ဟမ်က ဆောက်တမ်တန်ကို ၃-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ဟယ်ရီကိန်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ ဝင်ဘာလေကွင်းမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ၄၆ ပွဲ ကစားပေးပြီး ၃၁ ဂိုးမြောက် သွင်းယူနိုင်မှုပါ။ ကိန်းဟာ ဆောက်တမ်တန်နဲ့ နောက်ဆုံးတွေ့ထားတဲ့ ၆ ပွဲမှာ ၇ ဂိုးထိ သွင်းယူထားပါတယ်။

မန်စီးတီး

မန်စီးတီး အသင်းရဲ့ နည်းပြ ပက်ဂွာဒီယိုလာ ကတော့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဘယ်လောက်အထိ ဆက်နေပါစေ ပရီးမီးယားလိဂ်မှာတော့ သာယာနေလို့ မရဘူးလို့ မှတ်ချက် ပေးလိုက်ပါတယ်။

စီးတီးတိုက်စစ်မှူး မာရက်ဇ်က ပရီးမီးယားလိဂ်ဖလားကို ဗိုလ်စွဲဖို့ အမှီလိုနေတဲ့ ဒုတိယနေရာမှ လီဗာပူးအသင်းအပြင် ချယ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ကလည်း ချန်ပီယံဖြစ်နိုင်ချေ ရှိနေသေးတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်စတား အစ္စကိုနဲ့ မန်စီးတီးအသင်းဟာ လာမယ့်နွေအပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများ ရှိနေပြီလို့ သိရပါတယ်။ ဘာနေဗျူးမှာ မပျော်မရွှင်ဖြစ်နေတဲ့ အစ္စကိုက အသင်းပြောင်းဖို့ စိတ်အားထက်သန်နေပါတယ်။

စပိန်နှင့် အခြား

ဘာစီလိုနာကို ပြန်လာဖို့ သတင်းတွေ ထွက်ပေါ် ခဲ့ဖူးတဲ့ စပိန် ကွင်းလယ် ကစားသမား အယ်ကန်တရာ ကတော့ သူ့အနေနဲ့ ဘိုင်ယန် မြူးနစ် ကနေ ထွက်ခွာဖို့ လုံးဝ စိတ်မကူးထားဘူး လို့ ထုတ်ဖော် ပြောဆို လိုက်ပြီ ဖြစ်သလို ၊ ဂျာမန် ကလပ်နဲ့ အတူတူ ချန်ပီယံလိဂ် ဖလား ကိုင်မြောက်နိုင်ဖို့ ပစ်မှတ် ထားနေတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာ ပရိသတ်တွေ အတွက် စိတ်မကောင်း စရာ သတင်း တစ်ခုကတော့ ဒူးဒဏ်ရာကြောင့် အနားယူ နေရတဲ့ ကွင်းလယ် ကစားသမား ရာဖင်ဟာ ဟာ လက်ကျန် ရာသီ ပွဲစဉ်တွေ အားလုံးကို လွဲချော်တော့မှာ ဖြစ်တယ်လို့ ကလပ် အသင်းဘက်က တရားဝင် အတည်ပြု ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီမှာ ဂျူဗီ ကွင်းလယ် ရဲ့ အဓိက ကစားသမား အဖြစ် ကစားပြနေတဲ့ ဥရုဂွေး လူငယ် ကစားသမားလေး ဘန်တန်ကာ ကို ဘာစီလိုနာ ကင်းထောက်တွေက စောင့်ကြည့်လျှက် ရှိနေပြီး ၊ ယူရို သန်း 60 ၀န်း ကျင်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ကလပ် အသင်းထံ တိုက်တွန်းသွားဖွယ် ရှိနေပါတယ်။

ရီးရဲ မက်ဒရစ် အသင်းကတော့ အင်တာမီလန် တိုက်စစ်မှုး အီကာဒီ နဲ့ ရိုးမား နောက်တန်း ကစားသမား မာနိုလတ် တို့ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ အီတလီ သတင်းတွေက ဆိုပါတယ်။

ဘူဖွန် ကတော့ သူ့ရဲ့ ကစားဖော် ကာဗာနီဟာ နာပိုလီ အသင်းကို ပြန်သွားဖွယ် မရှိဘူးလို့ မှတ်ချက် ပေးလိုက် ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှုး ဘာပေ ကလဲ အေဂျက် အသင်းရဲ့ လူငယ် ကစားသမား ဒီဂျောင် အနေနဲ့ သူတို့ ကလပ်ကို ပြောင်းရွှေ့ လာမယ် ဆိုပါက နွေးနွေးထွေးထွေးနဲ့ ကြိုဆို သွားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ရီးရဲ မက်ဒရစ် နည်းပြ ဆိုလာရီ ကတော့ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလမှာ အသင်းက လှုပ်ရှားမယ့် အခြေနေတွေဟာ သူ့အပေါ်မှာ လုံးဝ မူတည်နေဘူးလို့ ပြောဆို လိုက်ပြီး ၊ သူ့ အနေနဲ့ နည်းပြချုပ် တာဝန်သာ ရယူထားတာ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆို သွားခဲ့ ပါတယ်။

တိုက်စစ်မှုး ဒီယေဂို ကော်စတာ ရဲ့ ခြေချောင်းဒဏ်ရာ ခွဲစိပ်ကုသမှုတွေ ပြုခဲ့တာ အောင်အောင်မြင်မြင် နဲ့ ပြီးဆုံးခဲ့တယ်လို့ အေတီကို အသင်းက တရားဝင် ကြေငြာသွားခဲ့ ပါတယ်။

ဆောက်သမ်တန် အသင်းဟာ လိုက်ပ်ဇစ် နည်းပြဟောင်း ဟာဆန်ဟုသ်တယ် ကို 2 နှစ် ခွဲ စာချုပ်နဲ့ နည်းပြသစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

နယူးကာဆယ် အသင်းကို ၀ယ်ယူဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစုကို ယူနိုက်တက် နဲ့ ချဲဆီး အမှုဆောင်ချုပ်ဟောင်း ပီတာ ကီယွန်က ဦးဆောင်ကာ ၊ မိုက်အက်ရှ်လေ ထံကနေ ၀ယ်ယူဖို့ မျက်နှာချင်းဆိုင် ဆွေးနွေးလျှက် ရှိနေပါတယ်။

ဗီလာရီးရဲ နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ရိန်းဂျား အသင်းရဲ့ ပရိသတ်တွေဟာ ကွင်းထဲကို ပုလင်းတွေ နဲ့ ပစ်ပေါက်ခဲ့ကြ သလို ၊ တစ်ချို့က ကွင်းအတွင်းကိုပါ ၀င်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် ဥရောပ ဘောလုံး အဖွဲ့ချုပ်က အရေးယူမှုတွေ ပြုလုပ်ဖို့ တရားဝင် စုံးစမ်း စစ်ဆေးမှုတွေ စတင်ခဲ့ပြီ ဖြစ်ပါတယ်။