မန်ယူဟာ မနှစ်က ဒီဇင်ဘာလအတွင်းမှာ ပေါ်တူဂီသား နည်းပြကို မြင့်မားတဲ့ လျှော်ကြေးပေးပြီး အသင်းကနေ ထုတ်ပယ်ခံပေမယ့် ဒီနွေမှာ ချိတ်ဆက်နေတဲ့ ကစားသမားတွေဟာ နည်းပြဟောင်းပေးခဲ့တဲ့ စာရင်းထဲက ကစားသမားတွေပဲ ဖြစ်နေတယ်လို့ ဖော်ပြမှုတွေ ရှိလာပါတယ်။

မန်ယူဟာ မော်ရင်ဟိုရဲ့ နေရာကို နည်းပြဆိုးရှားနဲ့ အစားထိုးခဲ့တာပါ။ ဒီနွေမှာတော့ နည်းပြ ဆိုးရှားအတွက် ကစားသမားသစ်တွေကို ချိတ်ဆက်ပေးရာမှာ အများအပြားက နည်းပြဟောင်း မော်ရင်ညို ခေါ်ယူလိုတဲ့ ကစားသမားတွေ ဖြစ်နေခဲ့ပါတယ်။

နွေဈေးကွက်အတွင်း မန်ယူလိုက်နေတဲ့ လက်စတာနောက်ခံလူ မက်ဂွဲရား ၊ ဝက်ဟမ်းနောက်ခံလူ ဒီအော့ နဲ့ ကွင်းလယ်လူ ရိုက်တို့ဟာ မော်ရင်ညိုက မန်ယူအသင်း တာဝန်ရှိသူတွေကို ပေးအပ်ခဲ့တဲ့ အလိုရှိတဲ့ ကစားသမားစာရင်းဖြစ်ပါတယ်။ ဒါပေမယ့်လို့ မန်ယူတာဝန်ရှိသူတွေက မော်ရင်ညို အလိုရှိတဲ့ အဆိုပါစာရင်းကို မခေါ်ပေးနိုင်ခဲ့ပါဘူး။

မနှစ်က ရာသီကုန်မှ အဆင့် ၆ နေရာနဲ့သာ ရာသီသိမ်းခဲ့တဲ့နောက် မန်ယူဟာ ကစားသမားသစ် အင်အားဖြည့်မှုမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ဆွမ်ဆီးတောင်ပံသမား ဂျိမ်း တစ်ဦးကိုပဲ ပေါင် ၁၅ သန်းနဲ့ ခေါ်ယူထားနိုင်ပါတယ်။

ဒါပေမယ့်လို့ ဘစ်ဆာကာကို ရဖို့ နီးစပ်နေသလို ဖာနန်ဒက်စ် အပါအဝင် ကစားသမား အချို့ကိုလည်း ခေါ်ယူဖို့ အခြေအနေ ကောင်းနေပြီး ရာသီကြို ပြင်ဆင်မှုတွေ မစခင် ကစားသမားတွေ ထပ်မံရောက်လာမယ်လို့ သိထားရပါတယ်။