အီတလီ ဝါရင့် ကွင်းလယ်ကစားသမား ဂျော်ဂျင်ညိုဟာ ဒီရာသီကုန်မှာ အာဆင်နယ်ကို စွန့်ခွာဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။
ဂျော်ဂျင်ညိုဟာ ၂၀၂၃ ခုနှစ်မှာ ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ဂန်းနားတွေ အတွက် ၇၂ ပွဲ ပါဝင် ကစားပေးခဲ့တာဖြစ်ပါတယ်။
အီတလီကွင်းလယ်လူဟာ ချဲလ်ဆီးမှာ ကစားခဲ့တဲ့ ၅ နှစ်လုံး အဓိက ကစားသမားဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဖလားတွေ ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်အသင်းမှာတော့ အရန် ကစားသမားအဖြစ်နဲ့သာ အချိန် အများစုကို ကုန်ဆုံးခဲ့ရတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ၃၆ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဂျော်ဂျင်ညိုဟာ ဒီရာသီမှာတော့ ပရီးမီးယားလိဂ် ၆ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့ပြီး ဒီကလန် ရိုက်စ်၊ ပါတေးနဲ့ မယ်ရီနိုတို့နောက်မှသာ ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
နာပိုလီကြယ်ပွင့်ဟောင်းရဲ့ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အာတီတာရဲ့အသင်းက ဂျော်ဂျင်ညိုကို စာချုပ်သစ် ချုပ်ဖို့ထက် ရီးရဲဆိုစီဒက်က မာတင် ဇူဘီမန်ဒီလို ကစားသမားသစ် ခေါ်ယူဖို့ကိုသာ ပိုအားသန်နေတာ ဖြစ်ပါတယ်။
ယူရို ၂၀၂၀ ချန်ပီယံ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့လက ဘရာဇီးမှာ ကစားရမယ့် အလားအလာနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှား မိတယ်လို့ ဝန်ခံခဲ့ပြီး လက်ရှိမှာတော့ ဖလာမင်ဂိုအသင်းနဲ့ အကြိုသဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီလို့ အီတလီက သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် ဂျော်ဂျင်ညိုဟာ ဒီရာသီကုန်တာနဲ့ အမ်းမရိတ်စ်ကို စွန့်ခွာပြီး ဖလာမင်ဂိုကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၈ နှစ်တာ ဖြတ်သန်းမှုကို ပြည်ဖုံးကားချသွားတော့မှာ ဖြစ်ပါတယ်။