မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှူး လူကာကူကို လက်လွှတ်နိုငပေမယ့် ဈေးပေါပေါ ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုထားပြီး တန်ကြေး ပေါင် သန်း ၈၀ တောင်းဆိုထားပါတယ်။ အင်တာမီလန်နည်းပြ ကွန်တီက ဘယ်လ်ဂျီယံတိုက်စစ်မှူးကိုသာ အလိုရှိနေတာကြောင့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစိတ်တဒေသ အဖြစ် အိုင်ကာဒီကို ထည့်သွင်း ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လူကာကူ က အင်တာမီလန်အသင်းထံ သွားဖို့ စိတ်အားထက်သန်နေပေမယ့် မန်ယူ တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး မြင့်မားလွန်း တာကြောင့် အပြောင်းအရွှေ့ ဖြစ်ဖို့ နှောင့်နှေးနေခဲ့တာပါ။ ဒါကြောင့် အင်တာမီလန် တိုက်စစ်မှူး အိုင်ကာဒီ နဲ့အတူ ငွေကြေးအနည်းငယ် ထည့်သွင်းကာ ကမ်းလှမ်းရန် အင်တာဘက်က လှုပ်ရှားလာခဲ့ပါတယ်။

လူကာကူဟာ ဟိုဆေးမော်ရင်ညို လက်ထက် ၂၀၁၇ နွေရာသီမှာ အဲဗာတန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာ ယူနိုက်တက် မှာ နှစ်ရာသီ ကြာခဲ့ပြီ ဖြစ်ပါတယ်။

သရဲနီတွေအတွက် ၉၆ ပွဲမှာ ၄၂ ဂိုး သွင်းယူခဲ့ပေမယ့်လဲ လူကာကူဟာ အိုးလ်ထရက်ဖို့ဒ်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပုံမှန်ပွဲထွက်ခွင့် မရနိုင်တဲ့နောက် ကစားသမား ကိုယ်တိုင် မန်ချက်စတာကနေ ထွက်ခွာဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။

အင်တာမီလန်နည်းပြ ဖြစ်လာတဲ့ ကွန်တာက အိုင်ကာဒီကို မနှစ်သက်တဲ့အပြင် အင်တာအသင်းဘက်လည်း အိုင်ကာဒီကို အရင်နှစ်တည်းက ရောင်းချလိုနေတာ ဖြစ်လို့ အလိုက်ပေးတဲ့ထဲ ထည့်သွင်းရန် ပြင်ဆင်လာကြတာပါ။ ကွန်တီကတော့ လူကာကူကို သူ ချယ်ဆီးမှာ ရှိစဉ်တည်းက သဘောကျပြီး ခေါ်ယူဖို့ ကြိုးစားဖူးပါတယ်။

အိုင်ကာဒီ မတိုင်ခင်က အင်တာမီလန်ဟာ လူကာကူအတွက် ပါရီဆစ်ကို အလိုက်ပေး ကမ်းလှမ်းမှု လုပ်ထားခဲ့ပြီး မန်ယူဘက်က ပယ်ချ ထားခဲ့တာပါ။ မန်ယူက အိုင်ကာဒီကို အရင်နှစ်တွေတည်းက ခေါ်ယူလိုရင်းစွဲ ရှိထားတာကြောင့် အင်တာမီလန်ရဲ့ ကမ်းလှမ်းမှု အသစ်ဟာ မန်ယူအသင်း ကျေနပ် လက်ခံလာနိုင်ဖွယ် ရှိတယ်လို့ ယူဆရပါတယ်။